Wednesday, June 17, 2026

Nationwide "ROSE Movement" Launched on Daw Aung San Suu Kyi's 81st Birthday to Counter Junta

Photo- GSCB


Public Myanmar News (လူထုမြန်မာ), June 17, 2026.

By PMN 01,


To mark Daw Aung San Suu Kyi's 81st birthday on June 19th, the People Movement Platform Myanmar will launch the "ROSE Movement."

 လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ "နှင်းဆီလှုပ်ရှားမှု" ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲသွားမယ်လို့ သိရပါတယ်။


 The movement aims to strike back against the military junta's fake political agenda and demand the immediate release of all political prisoners.

 ဒါဟာ စစ်အုပ်စုရဲ့ အတုအယောင် ဟန်ပြနိုင်ငံရေးခြေလှမ်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွတ်မြောက်ရေး တောင်းဆိုဖို့ ဖြစ်ပါတယ်။


 This will be the first major nationwide public movement of 2026, taking place both online and on the ground.

 ဒါဟာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးဖြစ်ပြီး မြေပြင်ရော အွန်လိုင်းမှာပါ နည်းလမ်းမျိုးစုံနဲ့ ဖော်ဆောင်သွားမှာပါ။


Photo- GSCB

 The movement will happen even inside areas strictly controlled by the military council, under the slogan "Continue the fight alongside Mother Suu."

 အာဏာသိမ်းစစ်အုပ်စုထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် "အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ" ဆိုတဲ့ ကြွေးကြော်သံနဲ့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။


 Public can participate safely based on local security, such as offering roses at shrines, wearing them, or sharing photos on social media.

 ပြည်သူတွေအနေနဲ့ မိမိတို့ဒေသရဲ့ လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး နှင်းဆီပန်းတွေကို ဘုရားမှာ ကပ်လှူတာ၊ ကိုယ်တိုင်ပန်ဆင်တာ၊ ဓာတ်ပုံတင်တာမျိုးတွေနဲ့ ပါဝင်နိုင်ပါတယ်။


 The campaign demands the unconditional release of political prisoners and the immediate abolition of the forced military conscription law.

 လှုပ်ရှားမှုကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အဓမ္မစစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆိုထားတာပါ။


 It also aims to reaffirm U Win Myint as the rightful President and Daw Aung San Suu Kyi as the State Counsellor.

 ဒါ့အပြင် ဦးဝင်းမြင့်သည်သာ တရားဝင်သမ္မတဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကို ထပ်လောင်းအတည်ပြုဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။


 Activists note that this movement serves as a powerful message to the world that true power still belongs to the people.

 နိုင်ငံရေးလေ့လာသူတွေကတော့ ဒီလှုပ်ရှားမှုဟာ စစ်အုပ်စုရဲ့ အတုအယောင်ဟန်ပြမှုတွေကို ရိုက်ချိုးပြီး စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေရဲ့ မလျှော့တဲ့ ဇွဲစိတ်ဓာတ်ကို ကမ္ဘာကို ပြသလိုက်တာပဲလို့ သုံးသပ်ထားကြပါတယ်။


Edit & Translate : Public Myanmar News 


#PublicMyanmarNews #ဒေါ်အောင်ဆန်းစုကြည် #အမေစုမွေးနေ့ #နှင်းဆီလှုပ်ရှားမှု #RosesOfHope #နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး #DawAungSanSuuKyi #RoseMovement

JFM Condemns China and Its Companies as Accomplices in Myanmar Junta's Atrocities


Photo credit: Justice For Myanmar (JFM)

Public Myanmar News (လူထုမြန်မာ)၊ June 17,2026.



Justice for Myanmar strongly condemned the Chinese government and Chinese companies as accomplices in the junta's international crimes.

 မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေဟာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေတယ်လို့ Justice for Myanmar (JFM) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။


 JFM stated that not only the perpetrators but also those who aid and abet them must be held accountable.

 JFM ကတော့ ရာဇဝတ်မှု ကျူးလွန်သူတွေတင်မကဘဲ သူတို့ကို အားပေးကူညီနေတဲ့ တရုတ်နိုင်ငံဘက်ကပါ တာဝန်ခံရမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

 

State-owned Chinese arms companies are supplying fighter jets and military vehicles used to attack civilians.

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ပြီး လူတွေကို နေရပ်စွန့်ခွာစေတဲ့ စစ်အုပ်စုကို တရုတ်စစ်လက်နက်ကုမ္ပဏီတွေက တိုက်လေယာဉ်တွေနဲ့ စစ်ကားတွေ ရောင်းပေးနေတာပါ။


China is also providing foreign currency to the regime by purchasing Myanmar's natural gas and transporting crude oil.

 ဒါ့အပြင် စီးပွားရေးအရလည်း တရုတ်နိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့တွေကို ဝယ်ယူပြီး ရေနံစိမ်းတွေ သယ်ယူပို့ဆောင်ပေးတာကြောင့် စစ်အုပ်စုအတွက် နိုင်ငံခြားငွေတွေ ရအောင် ဖန်တီးပေးနေပါတယ်။


 While the junta faces international isolation, China backs the regime to profit from Myanmar's resources and trade routes.

 တစ်ဖက်မှာလည်း အာဆီယံနဲ့ နိုင်ငံတကာက ဖယ်ကြဉ်ထားတဲ့ စစ်အုပ်စုကို ထောက်ခံပေးခြင်းအားဖြင့် တရုတ်နိုင်ငံဟာ မြန်မာ့သယံဇာတတွေနဲ့ စွမ်းအင်လုပ်ငန်းတွေကနေ အကျိုးအမြတ်အများကြီး ရနေတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

 

On June 16th, the Chinese President held an official welcoming ceremony for Min Aung Hlaing in Beijing.

 ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့တုန်းကလည်း ပေကျင်းမြို့ကို ရောက်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်သမ္မတက အခမ်းအနားနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။

 

During this trip, they signed various MOUs covering technology, security, and economic cooperation.

 အဲဒီခရီးစဉ်အတွင်းမှာ နည်းပညာ၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေပါဝင်တဲ့ နားလည်မှုစာချွန်လွှာ (MOU) တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

 

JFM pointed out that this meeting gives false political legitimacy to a military regime that enjoys total impunity.

 JFM ကတော့ အပြစ်ပေးအရေးယူမခံရဘဲ လွတ်မြောက်နေတဲ့ စစ်ခေါင်းဆောင်ကို တရုတ်သမ္မတက လက်ခံတွေ့ဆုံတာဟာ စစ်အုပ်စုကို မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှု ပေးလိုက်တာပဲလို့ ထောက်ပြထားပါတယ်။


 JFM condemned China, stating that they are directly profiting from the blood and sweat of the Myanmar people through the junta.

 JFMဘက်မှ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေဟာ မြန်မာစစ်အုပ်စုကတစ်ဆင့် မြန်မာပြည်သူလူထုရဲ့ အသက်သွေး၊ ချွေးတွေပေါ်ကနေ အကျိုးအမြတ်တွေ ရယူနေကြတယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုထားပါတယ်။


Edit & Translate: Public Myanmar News


#PublicMyanmarNews #တရုတ်နှင့်စစ်ကောင်စီ #JusticeForMyanmar #JFM #မင်းအောင်လှိုင် #တရုတ်သမ္မတ #စစ်လက်နက်ရောင်းချမှု #သယံဇာတခိုးယူမှု #ChinaComplicity #MyanmarJunta

Thailand's 10 Restricted Jobs for Foreigners and the Government's Strategic Economic Play

Photo- Reuters 
Public Myanmar News (လူထုမြန်မာ), June 17, 2026.

By PMN 01,


Even with a valid passport and work permit in Thailand, there are 10 specific jobs foreigners are strictly banned from doing.

 ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့နဲ့ အလုပ်လုပ်ကိုင်ခွင့် ကတ်ပြား (Work Permit) ရှိနေရင်တောင်မှ လုံးဝလုပ်ကိုင်ခွင့်မရှိတဲ့ တားမြစ်အလုပ် (၁၀) မျိုး ကိုထုတ်ပြန်လာပါတယ်။

 

According to The Nation, citing the Ministry of Labor, these occupations are legally reserved for Thai nationals only.

 ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒါဟာ ထိုင်းနိုင်ငံသားတွေအတွက်ပဲ သီးသန့်ကန့်သတ်ထားတာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


These include street vending, selling lottery tickets, brokerage work, hair cutting, traditional Thai massage, and driving commercial vehicles.

 ဒီတားမြစ်အလုပ်တွေကတော့ လမ်းဘေးဈေးရောင်းတာ၊ ထီရောင်းတာ၊ ပွဲစားလုပ်တာ၊ ဆံပင်ညှပ်တာ၊ ထိုင်းရိုးရာအနှိပ်နဲ့ အငှားယာဉ်မောင်းတဲ့ အလုပ်တွေ ဖြစ်ပါတယ်။


 It also covers tour guiding, legal services, traditional crafts, and working in security services.

 ဒါ့အပြင် ဧည့်လမ်းညွှန်လုပ်တာ၊ ဥပဒေရေးရာ ဝန်ဆောင်မှုပေးတာ၊ ရိုးရာလက်မှုလုပ်ငန်းတွေနဲ့ လုံခြုံရေးဝန်ဆောင်မှု (Security) လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။


 Foreigners caught breaking these laws face fines up to 50,000 Baht, immediate deportation, and a two-year visa ban.

 ဥပဒေချိုးဖောက်မိရင် နိုင်ငံခြားသားတွေအနေနဲ့ ဘတ် ၅၀,၀၀၀ အထိ ဒဏ်ငွေဆောင်ရမယ့်အပြင် ပြည်နှင်ဒဏ်နဲ့ ၂ နှစ် ဗီဇာပိတ်ပင်တာပါ ကြုံရမှာပါ။

 

Employers can also face heavy fines up to 100,000 Baht, so everyone must be extremely cautious.

 အလုပ်ရှင်တွေလည်း ဘတ် ၁၀၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရမှာမို့ အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။

 

Meanwhile, a survey by Happio revealed that the annual spending power of Myanmar migrants has reached 221 billion Thai Baht.

 တစ်ဖက်မှာလည်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလူထုရဲ့ ဝယ်ယူသုံးစွဲနိုင်စွမ်းဟာ တစ်နှစ်ကို ထိုင်းဘတ်ငွေ ၂၂၁ ဘီလီယံ (ဒေါ်လာ ၆ ဘီလီယံကျော်) အထိ ရှိလာနေပါတယ်။

 

Seeing this economic power, Thai corporations and banks are introducing Myanmar-language services to profit legally.

 ဒီမြန်မာအင်အားစုကို သိသွားကြပြီးနောက် ထိုင်းဘဏ်တွေနဲ့ လုပ်ငန်းရှင်ကြီးတွေဟာ မြန်မာဘာသာစကားတွေထည့်ပြီး တရားဝင် အခွန်ငွေရှာဖို့ ကြိုးစားလာကြပါတယ်။


 Concurrently, the Thai government is heavily cracking down on informal hundi money transfers and unlicensed Myanmar shops.

 အဲ့ဒီအချိန်မှာပဲ ထိုင်းအစိုးရဟာ သူတို့ထက်အရင် မြန်မာတွေဆီက ပိုက်ဆံရှာနေတဲ့ တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေနဲ့ လိုင်စင်မဲ့ မြန်မာဆိုင်တွေကို လိုက်လံနှိမ်နင်းနေတာပါ။

 

Labor experts point out that Thailand has no intention of completely deporting Myanmar workers, as domestic industries rely on them.

 အလုပ်သမားရေးရာ ပညာရှင်တွေ သုံးသပ်တာကတော့ ထိုင်းအစိုးရဟာ မြန်မာလုပ်သားတွေကို အပြီးနှင်ထုတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ မြန်မာလုပ်သားမရှိရင် စက်ရုံတွေ မလည်ပတ်နိုင်လို့ပဲဖြစ်ပါတယ်။


 Instead, intense crackdowns force informal financial flows into the official Thai tax system via passport, visa, and permit fees.

 ဒါကြောင့် ဖမ်းဆီးမှုတွေပြပြီး "တရားဝင်စာရွက်စာတမ်းလုပ်ကြ" ဆိုပြီး လမ်းကြောင်းပေးကာ ပတ်စ်ပို့၊ ဗီဇာနဲ့ ပါမစ်ကြေးတွေကနေတစ်ဆင့် အစိုးရအတွက် အခွန်

ရအောင် လုပ်နေတာပါ။


 This is a strategic economic play by Thai authorities and tycoons to monopolize the massive Myanmar migrant market.

 အချုပ်အားဖြင့်လက်ရှိဖမ်းဆီးမှုတွေဟာ ဥပဒေစိုးမိုးရေး သက်သက်မဟုတ်ဘဲ ကြီးထွားလာတဲ့ မြန်မာတွေရဲ့ စီးပွားရေးအကျိုးအမြတ်ကို ထိုင်းအစိုးရနဲ့ လုပ်ငန်းရှင်တွေ လက်ဝါးကြီးအုပ်ဖို့ လုပ်နေတဲ့ စီးပွားရေးကစားကွက်တစ်ခုပဲ ဖြစ်ပါတယ်။


Edit & Translate: Public Myanmar News


#PublicMyanmarNews #ထိုင်းရောက်မြန်မာလုပ်သားများ #ထိုင်းစီးပွားရေးကစားကွက် #ဟွန်ဒီနှိမ်နင်းမှု #ထိုင်းအလုပ်သမားဥပဒေ #Happioစစ်တမ်း #ThaiLaborLaw #MyanmarMigrants #EconomicStrategy

Online Scam Cartels Expand Openly in Myaungmya via Bribes, Swindling Migrant Workers

Photo- CJ


Public Myanmar News (လူထုမြန်မာ), June 17,2026.

By PMN 02,


Online scam cartels, locally known as "Kyat Phant," are operating completely out in the open in Myaungmya Township.

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်ထဲက လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတို့မှာ "ကျားဖြန့်" လို့ ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေပိုမိုဆိုးရွှားစွာပြုလုပ်လာတယ်လို့ဒေသခံတွေကလူထုမြန်မာကိုပြောပါတယ်။

 

It is dragging underage children into illegal money-making paths and destroying the local community, according to residents.

 အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ငွေအလွယ်ရလို့ လမ်းမှားရောက်ပြီး လူထုအသိုင်းအဝိုင်းတစ်ခုလုံး ပျက်စီးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

Locals say that scam lords who previously fled have now returned after paying massive bribes to corrupt local police and officials.

 ဒေသခံတွေရဲ့ အဆိုအရတော့ ယခင်က ဟန်ပြနှိမ်နင်းမှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေဟာ အောက်ခြေရဲတွေနဲ့ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ပြန်လုပ်နေပါတယ်။

 

A local scammer named "Kyet Pha Gyi" and his gang targets Myanmar migrant workers by posing as money transfer brokers.

 ဒါ့အပြင် လက်ရှိမြောင်းမြမှာ "ကြက်ဖကြီး" (ဦးဝင်းရှိန်ရဲ့သား) နဲ့ အပေါင်းအပါတွေဟာ ပြည်ပရောက် မြန်မာလုပ်သားတွေကို ပစ်မှတ်ထားပြီး ငွေလွှဲပွဲစားယောင်

ဆောင်ကာ လိမ်လည်နေတာပါ။


 They intercepted and stole hard-earned salaries, swindling over 10 million Kyat in a single day, leaving families devastated.

 သူတို့ဟာ မိသားစုတွေဆီ ပြန်ပို့တဲ့ လစာငွေတွေကို ကြားကနေ လိမ်လည်သွားတာဖြစ်ပြီး တစ်ရက်တည်းမှာပဲ ငွေကျပ် သိန်း ၁၀၀ ကျော် (၁၀ သန်းကျော်) လိမ်လည်ရယူနေတာဖြစ်ပါတယ်။


 

Since migrant workers undergo severe hardships abroad, local residents are demanding authorities to crack down on these scams immediately.

 ပြည်ပမှာ ပင်ပန်းဆင်းရဲခံရှာထားရတဲ့ သွေးချွေးစာတွေကို လမ်းခရီးကနေ အလွယ်တကူ လိမ်နေကြတာမို့ ဒီကျားဖြန့်အဖွဲ့တွေကို ထိရောက်စွာ အမြန်ဆုံး နှိမ်နင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

 

Analysts warn that these syndicates are spreading like cancer cells into rural areas due to the breakdown and corruption of local administration.

 မြေပြင်လေ့လာသူတွေကတော့ နယ်စပ်မှာ နှိမ်နင်းခံရတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ အောက်ခြေယန္တရား စုတ်ပြတ်လာမှုကြောင့် အခုဆို ကျေးလက်ဒေသတွေအထိ ကင်ဆာဆဲလ်လို ပြန့်ပွားလာနေပြီလို့ သတိပေးထားပါတယ်။


Edit & Translate: Public Myanmar News


#PublicMyanmarNews #မြောင်းမြကျားဖြန့် #အွန်လိုင်းငွေလိမ်လည်မှု #ပြည်ပရောက်မြန်မာလုပ်သား #ငွေလွှဲလိမ်လည်မှု #ဧရာဝတီတိုင်း #MyaungmyaScams #OnlineScam #MigrantRemittances

Thursday, June 11, 2026

American Diplomat Found Dead in Yangon; Thai Woman Detained ရန်ကုန်မြို့တွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ၊ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထား

Photo Credit: US EMBASSY (Yangon)



Public Myanmar News (လုထုမြန်မာ)၊ June 11th 2026.

Reported by Ko Saw,


An American diplomat was found dead  in Myanmar's largest city, Yangon. 

 မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ အမေရိကန် သံတမန်တစ်ဦး သေဆုံးနေတာကို တွေ့ရှိရကြောင်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ 

 

The U.S. State Department confirmed the death of a government employee  assigned to the embassy in Yangon. 

   ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှာ တာဝန်ကျနေတဲ့  အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးသွားတာ မှန်ကန်

ကြောင်း  ဝါရှင်တန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ 


Diplomatic sources say  the man was found dead // at the Sakura Residence and Hotel. 

    သံတမန်အသိုင်းအဝိုင်းရဲ့ ပြောကြားချက်အရ  အဆိုပါ အမေရိကန်သံတမန်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အမေရိကန်သံရုံးနဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့  ဆာကူရာ ရီဇီဒန့်စ် ဟိုတယ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 


 Local police are treating the case  as a possible homicide  and have detained a Thai woman. 

   လက်ရှိမှာတော့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို  လူသတ်မှု ဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနေကာ  အမှုနဲ့ ဆက်စပ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ 


 Both the hotel management and the military junta's local police have refused to comment on the case. 

   ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆာကူရာဟိုတယ် မန်နေဂျာအပြင် သက်ဆိုင်ရာ နယ်မြေခံ စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တစ်စုံတစ်ရာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ 

 

 The Thai Embassy in Yangon  has also declined to provide any details  about consular support for the suspect. 

  

 တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖမ်းဆီးခံထားရတဲ့ သံသယရှိသူ အမျိုးသမီးအတွက် သံတမန်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေး၊ မပေးဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ 


Media and diplomatic observers state that this incident highlights the deteriorating security  and breakdown of law and order  under the military junta in Myanmar. 

မီဒီယာနဲ့ နိုင်ငံတကာ သံတမန်ရေးရာ စောင့်ကြည့်

လေ့လာသူတွေကတော့ ဒီဖြစ်ရပ်ဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီရဲ့ အောက်ခြေ လုံခြုံရေးနဲ့  တရားဥပဒေစိုးမိုးမှု လုံးဝယိုယွင်းလာတာကို  မီးမောင်းထိုးပြနေတယ်လို့ သုံးသပ်ကြပါတယ်။ 

 They also criticize the regime's culture of secrecy, noting the lack of transparency  even in a high-profile  international case. 

 ဒါ့အပြင် သတင်းအချက်အလက်တွေကို စစ်အုပ်စြဘက်က အမြဲတမ်း ဖုံးကွယ်လေ့ရှိတာကြောင့်  နိုင်ငံတကာ သံတမန်တစ်ဦး သေဆုံးမှုလို အရေးကြီးတဲ့ အမှုမျိုးမှာတောင် ပွင့်လင်းမြင်သာမှု မရှိဘဲ သတင်းမှောင်ချထားဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြထားပါတယ်။ 

Editor - PMN01

#PublicMyanmarNews #USDiplomat #YangonIncident #SakuraResidence 


Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...