 |
| Photo-CINCDS |
[Public
Myanmar News] Special Feature
August 2,
2026.
Reported by
Ko Saw,
Amid the
flood disaster, Southwest Commander Brig-Gen Aung Kyaw Khaing met recruits for
conscription batch 27 on Aug 1st.
ရေဘေးဒုက္ခ ကြုံနေချိန်မှာပဲ မနေ့
ဩဂုတ်လ ၁ ရက်နေ့မှာ အနောက်တောင်တိုင်း
စစ်ဌာနချုပ် တိုင်းမှူးက စစ်မှုထမ်း အမှတ်စဉ် (၂၇) သင်တန်းသားတွေကို ပုသိမ်မှာ
တွေ့ဆုံခဲ့ပါတယ်။
Southwest Commander
Brigadier General Aung Kyaw Khaing met recruits for military batch 27 on August
1st.
ဧရာဝတီတိုင်းအတွင်း
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) သို့ တက်ရောက်ကြမည့်သူတွေကို တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်က
ဩဂုတ်လ ၁ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။
The recruitment comes as severe floods hit Laymyethna and
Thabaung, submerging over 5,000 homes.
လေးမျက်နှာမြို့နယ်မှာ တာကျိုးပေါက်ပြီး အိမ်ထောင်စု
နှစ်ထောင်
ကျော် ရေမြုပ်နေချိန်မှာပဲ အာဏာသိမ်းစစ်အုပ်စုဘက်က စစ်မှုထမ်း အမှတ်စဉ် (၂၇) အတွက်
ဆက်လက် စုဆောင်းနေတာ ဖြစ်ပါတယ်။
In his 100-day speech, junta chief Min Aung Hlaing
confirmed conscription will continue during his term.စစ်အာဏာသိမ်းခေါင်းဆောင်
မင်းအောင်လှိုင်က သူ၏ ရက်တစ်ရာပြည့် မိန့်ခွန်းမှာ သူ သမ္မတအဖြစ် ရှိနေသမျှ
ကာလပတ်လုံး စစ်မှုထမ်းဥပဒေကို ဆက်လက် ကျင့်သုံးမယ်လို့ အတည်ပြုထားပါတယ်။
 |
| Photo-MFSD |
On July
30th, major embankment breaches in Laymyethna triggered severe floods across
Ayeyarwady.
ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက် ညပိုင်းက လေးမျက်နှာမြို့နယ်
မြစ်ကျိုးတာကျိုးပေါက်ခဲ့လို့ ဧရာဝတီတိုင်းအတွင်း ရေကြီးရေလွှမ်းမိုးမှုတွေ
ဖြစ်ပွားခဲ့တာပါ။
Delayed
warnings left villagers with only two hours to evacuate, submerging over 2,000 homes and displacing 10,000 residents.
သတိပေးချက်
နောက်ကျခဲ့တာကြောင့် ဒေသခံတွေ ပြင်ဆင်ချိန် ၂ နာရီသာ ရရှိခဲ့ပြီး အိမ်ခြေစု၂,၀၀၀ ကျော်ရေမြုပ်ကာ ဒေသခံ
တစ်သောင်းကျော်
ရေဘေးသင့်နေရပါတယ်။
A flood
relief leader stated: "The river surged in so rapidly over 2,000
households still need urgent assistance."
ရေဘေးကူညီရေး
ဦးဆောင်သူတစ်ဦးက “မြစ်ရေက ရုတ်တရက် တရှိန်ထိုးဝင်တာဆိုတော့ ခဏလေးနဲ့ တစ်မြို့လုံး
ရေကြီးသွားတာ။ အိမ်ထောင်စု ၂,၀၀၀ ကျော်နဲ့ ပြည်သူ ၁၀,၀၀၀ ကျော် ရေဘေးသင့်နေပြီး အကူအညီတွေ
လိုနေတုန်းပါပဲ” လို့ ပြောပါတယ်။
 |
| Photo-Locals |
Local residents stated that forced conscription drove young men
away, leaving no workforce to repair embankments.
စစ်မှုထမ်းဥပဒေကြောင့်
လူငယ်အမျိုးသားတွေ ထွက်ပြေးနေကြရလို့ တာကျိုးချိန်မှာ အရေးပေါ် ကာကွယ်ဖို့နဲ့
ကူညီကယ်ဆယ်ရေး လုပ်ဖို့ လူအင်အား ကင်းမဲ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Conscription
Batch 27 comes as Ayeyarwady Region suffers severe flooding, with breached
embankments submerging 10,000 acres of farmland under 4 to 6 feet of water.
ဒါ့အပြင် စစ်မှုထမ်း အမှတ်စဉ် (၂၇) စုဆောင်းမှုဟာ
ဧရာဝတီတိုင်းက ပြည်သူတွေသဘာဝဘေးအန္တရာယ် ပြင်းထန်စွာ
ကြုံတွေ့နေရချိန် နဲ့ တိုက်ဆိုင်နေပြီး လေးမျက်နှာ မြစ်ကျိုးတာကျိုးပေါက်ကာ စိုက်ပျိုးပြီးစ
စပါးလယ်ဧက ၁ သောင်းကျော် ရေ ၄ ပေမှ ၆ ပေအထိ နစ်မြုပ် ပျက်စီးခဲ့ရတာလို့ဒေသခံတွေကဆိုပါတယ်။
 |
| Photo- MFSD |
Forced conscription has driven most young men
to flee, leaving rural villages without the workforce needed for disaster
response and emergency repairs.
စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲမှု
တွေ
ကြောင့်
ကျေးရွာတွေထဲကလူငယ်အမျိုးသား အများစုဟာ ဘေးလွတ်ရာကို
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက်
သဘာဝဘေး ရင်ဆိုင်ဖို့နဲ့
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲကြီးစွာ ကြုံတွေ့ခဲ့ကြရတာ လို့ဒေသသခံတွေကပြောပါတယ်။
A local
resident from Laymyethna said: "When the breach happened, we needed
manpower, but young men had fled out of fear of forced conscription."
တာကျိုးပေါက်မှု
ကြုံတွေ့ခဲ့ရတဲ့လေးမျက်နှာမြို့နယ်ကဒေသခံတစ်ဦးမှ“တာကျိုးစအချိန်မှာ အရေးပေါ်
ကာကွယ်ဖို့ လူအင်အား လိုပေမဲ့ ရွာမှာ စစ်မှုထမ်း စိုးရိမ်လို့ လူငယ်အမျိုးသားတွေ
ထွက်ပြေးနေကြရတော့ ရွာထဲမှာ လူငယ်မရှိဘူး” လို့ ပြောပါတယ်။
The resident
added: "With late warnings leaving only two hours to prepare and no young
workforce, we couldn't stop the flood from submerging our homes."
ဆက်လက်ပြီး
“စစ်အုပ်စုရဲ့ သတိပေးချက်ကလည်း နောက်ကျတော့ ၂ နာရီပဲ ပြင်ဆင်ချိန် ရလိုက်တယ်။
လူအင်အား မရှိတာရယ်၊ ပြင်ဆင်ချိန် နည်းတာရယ်ကြောင့် တားဆီးဖို့ မဖြစ်နိုင်ဘဲ
နေအိမ်တွေ ရေမြုပ်ကုန်တာပါ” လို့ ရင်ဖွင့်ပြောဆိုထားပါတယ်။
Forced
recruitment drove young men away, leaving villages without manpower for
emergency disaster response.
စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသားတွေ
ထွက်ပြေးနေကြရလို့ တာကျိုးချိန်မှာ သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ဖို့ လူအင်အား
မရှိခဲ့ပါဘူး။
Analysts
observe that conscription starves rural areas of workforce, ruining both
disaster resilience and agriculture.
သုံးသပ်သူတွေကတော့
စစ်မှုထမ်း အမှတ်စဉ် (၂၇) အထိ လူငယ်တွေကို ဖမ်းဆီးနေခြင်းဟာ ကျေးလက်
စိုက်ပျိုးရေးနဲ့ သဘာဝဘေး ရင်ဆိုင်ရေးစနစ်ကို ပြိုလဲစေတာလို့ ထောက်ပြကြပါတယ်။
 |
| Photo-MOI |
A local
political analyst noted: "The junta chief admitted youth exodus hurts the
economy, yet enforces conscription which is the main cause."
နိုင်ငံရေးနဲ့
လူမှုရေး သုံးသပ်သူတစ်ဦးက “မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ လူငယ်တွေ ပြည်ပထွက်သွားလို့
စီးပွားရေး ထိခိုက်ရပါတယ်လို့ ပြောသွားပေမဲ့၊ ဒီလို လူငယ်တွေ ထွက်ပြေးနေရတာဟာ
သူ့ရဲ့ အဓိက စစ်မှုထမ်းဥပဒေကြောင့် ဖြစ်တယ်ဆိုတာကိုတော့ လျစ်လျူရှုထားတယ်။
စစ်မှုထမ်း အမှတ်စဉ် (၂၇) အထိ တောက်လျှောက် ဖမ်းဆီးနေတာဟာ ကျေးလက်ဒေသတွေရဲ့
လုပ်အားအင်အားကို ကင်းမဲ့စေတာပါပဲ” လို့ သုံးသပ်ပြောဆိုပါတယ်။
The analyst
added: "Forcible recruitment starves rural communities of workforce,
ruining both disaster response and agriculture."
သုံးသပ်သူက
ဆက်လက်ပြီး “လူငယ်အင်အား မရှိတော့တဲ့အခါ တာကျိုးလို့ ရေကြီးတာလို သဘာဝဘေးကြုံရင်
ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖို့ လူမရှိတော့ဘူး။ ဒါဟာ ဧရာဝတီတိုင်းရဲ့
လယ်ယာစိုက်ပျိုးရေး စီးပွားရေးစနစ်တစ်ခုလုံးကိုပါ တိုက်ရိုက် ပြိုလဲအောင်
ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်” လို့ ထောက်ပြထားပါတယ်။
Civil rescue
groups from Yangon and Mandalay are delivering emergency food and medical aid
to flood victims.
လက်ရှိမှာတော့
ရန်ကုန်၊ မန္တလေး၊ ဟင်္သာတနဲ့ ကျုံပျော်တို့က လူမှုကူညီရေး အသင်းတွေက ရေဘေးသင့်
ပြည်သူတွေအတွက် ဆေးဝါးနဲ့ စက်သုံးဆီ၊ ရိက္ခာတွေကို အရေးပေါ် လာရောက်
ကူညီပေးနေကြပါတယ်။
However,
rescue operations remain severely limited as military checkpoints restrict
access to the conflict-affected region.
ဒါပေမဲ့
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေး တင်းကြပ်မှုတွေကြောင့်
ကူညီကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ အခက်အခဲများစွာ ရှိနေပါသေးတယ်။
Displaced villagers in Laymyethna now face the
compound threats of flood disaster and military conflict.
၂၀၂၅
ခုနှစ်မှစ၍ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသည့် လေးမျက်နှာမြို့နယ်ပြည်သူတွေဟာ အခုအခါမှာ စစ်ဘေးနဲ့
ရေဘေး ဒဏ်တွေကို ပြင်းထန်စွာ ခံစားနေကြရတာ ဖြစ်ပါတယ်။
Edit & Translate :
Ko Saw (Public Myanmar News-လူထုမြန်မာ)
Photo: CINCDS & Locals
#PublicMyanmarNews#စစ်မှုထမ်းဥပဒေ #သင်တန်းအမှတ်စဉ်၂၇ #ဧရာဝတီတိုင်းရေကြီးမှု #လေးမျက်နှာ #သာပေါင်း #မင်းအောင်လှိုင် #သတင်းဆောင်းပါး #AyeyarwadyFlood
#ConscriptionLaw #MyanmarNews