Saturday, May 30, 2026

AA Declares Near-Total Control Over Rakhine State Arakan Revolution Edges Closer to Absolute Victory ရခိုင်တစ်ပြည်လုံး နီးပါးကို AA ထိန်းချုပ် - အာရက္ခတော်လှန်ရေး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိလာခြင်း(သုံးသပ်ဆောင်းပါး- Opinion )


Photo: AA Info Desk

Public Myanmar News (လူထုမြန်မာ),May 30, 2026.

By Saw Zin Maung,


A monumental military and political shift is reshaping Myanmar's western frontline. The United League of Arakan / Arakan Army (ULA/AA) officially announced on the night of May 29th that it has secured near-total control over the entirety of Rakhine State, stating that the Arakan National Revolution is now just a single step away from achieving 100% success.

ရခိုင်ပြည်နယ်အတွင်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော စစ်ရေး၊ နိုင်ငံရေး အလှည့်အပြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ 

ရခိုင်တစ်ပြည်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အာရက္ခအမျိုးသားတော်လှန်ရေး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသာ လိုတော့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က မေလ ၂၉ ရက် ညပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်

သည်။


This strategic milestone underscores the profound collapse of the military junta’s grip on Rakhine, while signaling the rise of a new regional governance structure. 

ဤထုတ်ပြန်ချက်သည် ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီတပ်များ၏ အလုံးစုံပြိုလဲမှုကို ပြသနေရုံသာမက၊ ဒေသတွင်း အုပ်ချုပ်ရေးယန္တရားအသစ်တစ်ခု အသက်ဝင်နေပြီဖြစ်ကြောင်း ကမ္ဘာကို အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။ 


According to the ULA/AA statement, the revolution has achieved absolute control over key townships including Pauktaw, Kyauktaw, Mrauk-U, Minbya, Myebon, Ponnagyun, Ramree, Taungup, Maungdaw, Thandwe, Ann, and Paletwa in Chin State. Offensive operations are currently underway to dismantle remaining junta strongholds in Sittwe, Kyaukphyu, and Manaung.

ULA/AA ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်တော၊ သံတွဲ၊ အမ်း နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့များကိုလည်း မကြာမီ အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိသည်။


Photo:AA Info Desk 


A Victory Forged in Blood and the Enemy's Desperate Retaliation (သွေးချွေးများဖြင့် ရင်းနှီးခဲ့ရသော အောင်ပွဲနှင့် ရန်သူ၏ အရူးမီးဝိုင်းတုံ့ပြန်မှု)


The AA profoundly acknowledged that this historic achievement is the direct result of the ultimate sacrifices, lives, and blood of Arakan fighters, coupled with the unwavering solidarity of the Arakanese public. 

AA အနေဖြင့် ဤကဲ့သို့သော သမိုင်းဝင်အောင်မြင်မှုသည် အာရက္ခစစ်သည်တော်များ၏ အသက်၊ ဘဝ၊ သွေးချွေးများစွာ စွန့်လွှတ်မှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ခိုင်မာသော ပံ့ပိုးကူညီမှုကြောင့် ဖြစ်သည်ဟု လေးနက်စွာ အသိအမှတ်ပြုထားသည်။ 


However, the leadership cautioned that the revolution is not yet complete. Reeling from catastrophic territorial losses, the military junta has responded with heavy artillery and intensified airstrikes, targeting civilian towns and villages in a desperate bid to disrupt the opposition’s momentum.

သို့သော်လည်း တော်လှန်ရေးသည် လုံးဝဥဿုံ မပြီးဆုံးသေးကြောင်း AA က သတိပေးထားသည်။ စစ်ရေးအရ အရှုံးကြီး ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ် ဆုံးရှုံးလိုက်ရသည့် မြို့ရွာများကို လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုကာ ယခင်ကထက် ပိုမိုပြင်းထန်စွာ အရူးမီးဝိုင်း တိုက်ခိုက်

ဖျက်ဆီးလာနေသည်။


Beyond the physical battlefield, the Arakan revolutionary government is also actively countering political and diplomatic maneuvers on the international stage. This indicates that while the AA has secured physical territory, it is simultaneously navigating a complex geopolitical landscape to establish international legitimacy.

စစ်ရေးအပြင် အာရက္ခတော်လှန်ရေးအစိုးရသည် နိုင်ငံတကာအဆင့်တွင် နိုင်ငံရေး၊ သံတမန်ရေးဆိုင်ရာ တိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ၎င်းသည် AA အနေဖြင့် နယ်မြေစိုးမိုးရုံတင်မကဘဲ ကမ္ဘာ့အလယ်တွင် တရားဝင်မှုရရှိရန် သံတမန်ရေး စစ်မျက်နှာကိုပါ ခရင်စတင် ရင်ဆိုင်နေရသည့် သဘောဖြစ်သည်။



Photo: AA Info Desk 


State-Building Amid Conflict: Preserving Mrauk-U's Heritage(တိုက်ပွဲကြားက တိုင်းပြည်တည်ဆောက်ရေးနှင့် မြောက်ဦးယဉ်ကျေးမှုဇုန် ထိန်းသိမ်းရေး)


Remarkably, the AA is not just fighting a war; it is concurrently laying the groundwork for post-conflict governance and civil administration.

ထူးခြားချက်မှာ AA သည် စစ်ရေးတိုက်ပွဲများကို ဆင်နွှဲနေရုံသာမက၊ တစ်ပြိုင်နက်တည်းမှာပင် နယ်မြေစိုးမိုးရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက် စတင်နေပြီဖြစ်သည်။ 


The Arakan People's Revolutionary Government has systematically initiated projects to restore the rule of law, healthcare, education, administration, and rural-urban development across liberated zones. အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။


Urban planning committees have been established to systematically develop various regions, including the ancient historic city of Mrauk-U. Crucially, specific measures have been laid out to preserve and protect the ancient Mrauk-U cultural zone as a world-class heritage site a clear demonstration of the revolutionary government's capacity to ensure long-term stability and cultural preservation.

အထူးသဖြင့် မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြေ အပါအဝင် ဒေသအသီးသီးတွင် မြို့ပြအစီအစဉ်များ စနစ်တကျ ရေးဆွဲနေပြီ ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ ရှေးဟောင်းအမွေအနှစ်ဇုန်ဖြစ်သည့် မြောက်ဦးယဉ်ကျေးမှုနယ်မြေကို သန့်ရှင်းစွာ ထိန်းသိမ်းကာကွယ်ရန် အစီအစဉ်များ ချမှတ်ထားကြောင်း ထည့်သွင်းပြောကြားထားရာ ၎င်းသည် ဒေသတွင်း တည်ငြိမ်မှုကို ပြသနိုင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။


In conclusion, Rakhine State is rapidly transitioning away from military dictatorship toward self-determination and national reconstruction. As the Arakan revolutionary government urges citizens to actively participate in state-building initiatives with national solidarity, it is evident that the future of Rakhine is closing in on a defining, historic triumph.


နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ်သည် ယခုအခါ စစ်ကောင်စီ၏ လက်အောက်မှ လွတ်မြောက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသားပြန်လည်ထူထောင်ရေး လမ်းကြောင်းပေါ်သို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေပြီ ဖြစ်သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း ပြည်သူများအနေဖြင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသားရေးအသိစိတ်ဖြင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားပြီး၊ ရခိုင်ပြည်၏ အနာဂတ်သည် အာရက္ခတော်လှန်ရေး ရာနှုန်းပြည့်အောင်မြင်မည့် လက်တကမ်းအလိုသို့ စတင်ချဉ်းကပ်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။


Edit: Public Myanmar News

Photo Credit: AA INFO Desk


Military Leader Min Aung Hlaing Departs for India Today, Following the Arrest of Two Protest Organizers Yesterday(Breaking News)







YouTube Link >>>>> https://youtu.be/0RXgmesJszg?si=T-4Q7dhFkhS3lzOA

Reported by PMN01, Public Myanmar News (လူထုမြန်မာ)

May 30,2026.


Music: Dancing Strings 

Musician: VN VideoEditor 


In New Delhi, India, two Myanmar activists were arrested yesterday for organizing a protest against military leader Min Aung Hlaing, who departed for his official visit today, May 30th.

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကိုကန့်ကွက်ဆန့်ကျင်ဖို့ စီစဉ်နေကြတဲ့မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ နှစ်ဦး မနေ့ မေလ၂၉ရက် က နယူးဒေလီမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက်ဒီကနေ့ မေ ၃၀ ရက် မနက်ပိုင်းမှာတော့စစ်ခေါင်းဆောင်ဟာ အိန္ဒိယနိုင်ငံသို့ တရားဝင်ထွက်ခွါသွားခဲ့ပါတယ်။


The arrests took place ahead of the military leader's arrival, as local activists mobilized to voice strong opposition to the regime.

စစ်ခေါင်းဆောင် မရောက်ရှိလာခင် ကြိုတင်ပြီး ဒေသခံ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေမှအာဏာသိမ်းစစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ ပြင်ဆင်နေကြစဉ်မှာပဲအိန္ဒိယရဲတပ်ဖွဲ့က မနေ့ကတည်းက ကြိုတင်

ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


Despite these crackdowns and widespread condemnation from international groups, Min Aung Hlaing continues his state visit to hold bilateral talks with Indian officials.

အခုလို ဖမ်းဆီးနှိပ်ကွပ်မှုတွေနဲ့ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချမှုတွေ ရှိနေတဲ့ကြားကပဲအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အိန္ဒိယအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။


Edit & Video: Public Myanmar News

Photo Credit: Social Media 


#MyanmarNews #CurrentAffairs #BreakingNews


Friday, May 29, 2026

Junta Forces Reopen Schools in Chaung Hnit Khwa Amid Severe Landmine and UXO Risks to Children’s Lives ကျိုက်မရော ချောင်းနှစ်ခွတွင် စစ်ကောင်စီက စာသင်ကျောင်းများ အတင်းအဓမ္မ ပြန်ဖွင့်ခိုင်း၊ မြေမြှုပ်မိုင်းနှင့် လက်နက်အကြွင်းအကျန်များကြောင့် ကလေးငယ်များ၏ အသက်အန္တရာယ် စိုးရိမ်ရ

 

Photo : Myanmar Military junta ‘s Controls Media 



Reported by PMN01, Public Myanmar News(လူထုမြန်မာ)

May 29, 2026.


A revolutionary to you all. Welcome to Public Myanmar News, amplifying the voice of the people. 

I ‘m Ko Saw.


"မင်္ဂလာပါခင်ဗျာ။ ပြည်သူ့အသံကို ဖော်ထုတ်ပေးနေတဲ့ Public Myanmar News ရဲ့ သတင်းအစီအစဉ်ကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော် ကိုစော ပါ။


Today, we report that the military junta is pushing to reopen schools in Chaung Hnit Khwa village, Mon State.

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က... ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ ချောင်းနှစ်ခွကျေးရွာက စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ အာဏာသိမ်းစစ်အုပ်စုက ဖိအားပေး လုပ်ဆောင်နေပါတယ်။


Since May 18th, junta troops stationed at the local police station have been preparing school buildings for enrollment.


မေလ ၁၈ ရက်နေ့ကစပြီး ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ... အထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းတွေမှာ မိုင်းရှင်းလင်းတာနဲ့ စာသင်

ဆောင်ပြင်ဆင်တာတွေ လုပ်ပြီး ကျောင်းအပ်လက်ခံနေတာပါ။


Photo : Myanmar Military junta ‘s Controls Media 

However, mine clearance experts warn that hidden landmines and unexploded ordnance still pose lethal risks to children.


ဒါပေမဲ့ မြေမြှုပ်မိုင်းအရေး ဆောင်ရွက်သူတွေကတော့စစ်တပ်ရဲ့ မိုင်းရှင်းလင်းရေးဟာ အရည်အသွေး စိတ်မချရတာကြောင့်ကျောင်းဝင်းနဲ့ လမ်းဘေးချုံပုတ်တွေထဲက လက်လုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေဟာ ကလေးတွေအတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရတယ်လို့ သတိပေးထားပါတယ်။


Improvised mines are often disguised as soft drink cans or juice bottles, triggering curiosity in school-aged children.

လက်လုပ်မိုင်းတွေကို အချိုရည်ဗူး၊ ပိုက်လုံးတွေ၊ M-150 ပုလင်းတွေလိုမျိုး ပုံသဏ္ဍာန်မျိုးစုံနဲ့ ဝါယာကြိုးတွေ သွယ်တန်းထားတတ်တာကြောင့်ကျောင်းနေအရွယ် ကလေးတွေက စူးစမ်းလိုစိတ်နဲ့ ကောက်ကိုင်မိရင်ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတွေအထိ ဖြစ်သွားနိုင်ပါတယ်။


Furthermore, local authorities are blocking humanitarian groups from conducting vital mine-risk awareness for students.


ဒါ့အပြင် ကလေးတွေကို မိုင်းအန္တရာယ် အသိပညာပေးမယ့် ကိစ္စတွေကိုလည်းနယ်မြေခံ စစ်ကောင်စီ အာဏာပိုင်တွေဘက်က လုပ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ မြေမြှုပ်မိုင်းအရေး ဆောင်ရွက်သူတစ်ဦးက ပြောဆိုပါတယ်။




Out of nearly 300 households, only about 100 residents have returned, with junta troops occupying damaged homes.

ချောင်းနှစ်ခွရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပေမဲ့လက်ရှိအချိန်ထိ နေရပ်ပြန်လာသူ တစ်ရာဝန်းကျင်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ ပျက်စီးနေတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေမှာတော့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်တပ်စွဲ နေထိုင်နေကြပါတယ်။


local resident stated that school attendance will be very low due to ongoing fears of drone attacks and military checkpoints.

အာဏာသိမ်းစစ်တပ်ကဂိတ်တွေ အထပ်ထပ်ချထားတဲ့အပြင်ဒရုန်းနဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ကျောင်းတက်မယ့်ကလေး အလွန်နည်းပါးမှာဖြစ်ပြီးငွေကြေးတတ်နိုင်တဲ့ မိဘတွေကတော့ ကလေးတွေကို မြို့ပေါ်မှာပဲ ကျောင်းထားတာတွေရှိနေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။


Edit & Video: Public Myanmar News 

Photo : Myanmar Military junta ‘s Controls Media 


#Myanmar #WhatsHappeningInMyanmar #MonState #Kyaikmaraw #ChaungHnitKhwa #LandmineDanger #UnexplodedOrdnance #SchoolReopening #JuntaForcedEnrolment #MilitiarizedSchools #ChildrenAtRisk #SaveMyanmarChildren #PublicMyanmarNews


Min Aung Hlaing’s Upcoming Visit to India Sparks Fierce Backlash from NUG and Myanmar Diaspora မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် NUG နှင့် အိန္ဒိယရောက် မြန်မာပြည်သူများ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြမည်


Photo Credit: Social Media 

Reported by PMN01, Public Myanmar News(လူထုမြန်မာ)

May 28,2026.


"A revolutionary to you all. Welcome to Public Myanmar News, amplifying the voice of the people. I am Ko Saw."


မင်္ဂလာပါခင်ဗျာ။ ပြည်သူ့အသံကို ဖော်ထုတ်ပေးနေတဲ့ Public Myanmar News(လူထုမြန်မာ) ရဲ့ သတင်းအစီအစဉ်ကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော် ကိုစော ပါ။


The  junta leader Min Aung Hlaing will make his first foreign visit to India from May 30th to June 3rd.

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကမိမိကိုယ်ကို သမ္မတအဖြစ် အတင်းအဓမ္မ သတ်မှတ်ခဲ့တဲ့.အာဏာသိမ်း စစ်ခေါင်းဆောင်

 မင်းအောင်လှိုင်ဟာသမ္မတရာထူးရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်လာမည့် မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိအိန္ဒိယနိုင်ငံကို သွားရောက်ဖို့ ရှိနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။



He will meet Prime Minister Narendra Modi on June 1st, turning a rescheduled summit into an official friendship visit.

ဇွန်လ ၁ ရက်နေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့.တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မူလက International Big Cat Alliance Summit တက်ရောက်ဖို့ ဖြစ်ပေမယ့်... အစည်းအဝေး ရွှေ့ဆိုင်းလိုက်တာကြောင့် အခုအခါ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြောင်းလဲသွားရောက်တာ ဖြစ်ပါတယ်။


Photo: Myanmar Military Junta’s Media 

This visit follows a series of recent engagements, including the Indian Navy Chief's trip to Myanmar in early May.

မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကူးလူးဆက်ဆံမှုတွေဟာ မေလဆန်းပိုင်းကစတင်ပြီး ပိုမိုမြန်ဆန်လာခဲ့တာဖြစ်ပြီးမေလအစောပိုင်းကပဲ အိန္ဒိယရေတပ်ဦးစီးချုပ် အဒ်မီရယ် ဒီးနက်ရှ် ကူမား ထရီပါသီ ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ဖူးပါတယ်။"


India also provided humanitarian aid under 'Operation Brahma' after the massive 7.7 magnitude earthquake in March 2025.

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ဘေးအပြီးမှာလည်း အိန္ဒိယအစိုးရက “Operation Brahma” စစ်ဆင်ရေးနဲ့ စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်ပြီး လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးတွေ ပေးအပ်ခဲ့ဖူးပါတယ်။


Sharing a 1,600-kilometer border, both nations prioritize border security, trade, and infrastructure projects.

နှစ်နိုင်ငံဟာ ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်စည်းမျဉ်းကို အတူတကွ မျှဝေထားကြသလို လက်ရှိမှာလည်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးနဲ့ အိန္ဒိယပိုင် ကုမ္ပဏီက လည်ပတ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်နေပါတယ်။


India is Myanmar's fourth-largest trading partner, with bilateral trade reaching 2.1 billion dollars in the last fiscal year.

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံခန့် ရှိခဲ့ပြီးအိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်တာကြောင့်မင်းအောင်လှိုင်အတွက်တော့ ဒါဟာ တရားဝင်ဆက်ဆံရေး တည်ဆောက်ဖို့ ခြေလှမ်းတစ်ရပ် ဖြစ်နေပါတယ်။


Photo Credit: Khit Thit Media 

"However, Myanmar activists in New Delhi, led by Burma House, will fiercely protest this visit on May 30th.

ဒါပေမဲ့ ဒီခရီးစဉ်အပေါ် နယူးဒေလီမြို့ရောက် မြန်မာပြည်သူများကတော့Burma House-New Delhi ရဲ့ ဦးဆောင်မှုနဲ့အတူ... မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ မေလ ၃၀ ရက်နေ့မှာ နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့မှာ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ တရားဝင် ကန့်ကွက်ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။


They urge the world's largest democracy to uphold democratic values and support the Myanmar people's movement.

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့... ဒီမိုကရေစီတန်ဖိုးတွေကို ထိန်းသိမ်းပြီးမြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း တောင်းဆိုထားကြပါတယ်။


The National Unity Government has officially sent an objection letter to halt any engagement that legitimizes the junta.

ဒါ့အပြင်NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း... အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးသလို ဖြစ်စေမယ့်ဘယ်လို ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်ဖို့ ကန့်ကွက်ကြောင်း ဖော်ပြထားတဲ့ သဝဏ်လွှာကိုမေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံသို့ တရားဝင် ပေးပို့ထားပါတယ်။


Edit & Video: Public Myanmar News

Photo Credit: Social Media 


#Myanmar #WhatsHappeningInMyanmar #MinAungHlaing #JuntaLeader #IndiaVisit #NarendraModi #NewDelhiProtest #BurmaHouseNewDelhi #NUGMyanmar #SaveMyanmar #RejectMyanmarJunta #DiplomaticBacklash #OperationBrahma #SittwePort #MyanmarIndiaTrade #PublicMyanmarNews


Thursday, May 28, 2026

Military Regime Stages Superficial Demolition of Cyber-Scam Buildings in Shwe Kokko to Evade International Pressure and FBI Scrutiny နိုင်ငံတကာဖိအားကြောင့် ရွှေကုက္ကိုရှိ ကျားဖြန့်အဆောက်အအုံအချို့ကို စစ်အုပ်စုက ဟန်ပြဖြိုဖျက်ပြနေသော်လည်း ငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်


Photo- Myanmar Military Junta’s Media 

SHWE KOKKO, Myanmar
Reported by PMN01, Public Myanmar News(လူထုမြန်မာ)
May 28, 2026

The illegal military regime has launched a tactical operation to demolish over 30 sealed buildings linked to cyber-scam networks in Shwe Kokko new town, north of Myawaddy, Karen State, starting on the morning of May 25.
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ဘက် ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး ချိပ်ပိတ်ထားတဲ့ အဆောက်အအုံ ၃၀ ကျော်ကို အာဏာသိမ်းစစ်အုပ်စုက မေလ ၂၅ ရက် မနက်ပိုင်းကစပြီး စက်ယန္တရားကြီးတွေနဲ့ ဖြိုချဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

However, local sources and border observers expose this move as a deceptive theatrical stunt orchestrated to mislead the FBI and shield illicit billions from rising international pressure, while the core cyber-fraud operations remain fully functional on the ground.
ဒါဟာ တကယ်တမ်း နှိမ်နင်းခြင်းမဟုတ်ဘဲ FBI နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားကို လျှော့ချဖို့အတွက် လုပ်ပြနေတဲ့ ဟန်ပြပြဇာတ်သက်သက်သာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ထုတ်ဝေဖန်နေကြပါတယ်။

According to regional ground sources, junta authorities are deploying heavy machinery to demolish 4-story buildings at a calculated rate of two per day. These structures were previously "sealed off" by the junta-aligned Border Guard Force (BGF) under allegations of cyber-fraud, illegal gambling, and human trafficking. 
မြေပြင်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အာဏာသိမ်းစစ်တပ်တွေဟာ လေးထပ်အဆောက်အဦတွေကို တစ်ရက်ကို နှစ်လုံးနှုန်းနဲ့ လိုက်လံဖြိုချနေပြီး၊ အဆိုပါနေရာတွေဟာ အွန်လိုင်းငွေလိမ်လည်မှု၊ လောင်းကစားနဲ့ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်လို့ လက်ဝေခံ BGF အဖွဲ့က အရင်ကတည်းက ဟန်ပြချိပ်ပိတ်ထားတဲ့ အဆောက်အအုံဟောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Myanmar Military Junta’s Media 

A local source familiar with the matter revealed the reality behind the curtains: "The buildings being demolished are abandoned structures previously used by scam operators. This destruction is a performance designed solely for international optics. The actual cyber-scam syndicates are still operating seamlessly. This is their standard playbook—they temporarily clear out during high-profile scrutiny, only to resume operations later. New scam buildings are actively being constructed as we speak."
ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒေသတွင်း သတင်းရင်းမြစ်က "အခုဖျက်နေတဲ့တိုက်တွေက အရင်က ကျားဖြန့်လုပ်တဲ့သူတွေ သုံးခဲ့တဲ့ အဆောက်အဦအဟောင်းတွေပါ။ ဒီလိုဖျက်ပြတာက နိုင်ငံတကာဖိအားကြောင့် လုပ်ပြတဲ့ပုံစံမျိုး။ တကယ်တမ်း ကျားဖြန့်လုပ်ငန်းတွေက ဆက်ပြီး လည်ပတ်နေတုန်းပဲ။ လာစစ်ရင် ခေတ္တဖယ်ပေးလိုက်ပြီး နောက်တော့ ပြန်လည်ပတ်ကြတာပဲ။ အခုချိန်အထိ အသစ်ဆောက်နေတဲ့ အဆောက်အဦးတွေ အများကြီးရှိသေးတယ်" လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Pressure has escalated sharply through 2024 and 2025 from international actors, including China, demanding the eradication of border cyber-crimes. Following the United States' announcement establishing the "Scam Center Strike Force" to target transnational cyber-crimes in Myanmar, the BGF abruptly declared a crackdown in Shwe Kokko on November 17, 2025.
ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ဖိအားတွေ ပြင်းထန်ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်အစိုးရက "Scam Center Strike Force" အဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်မယ်လို့ ကြေညာပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ကစလို့ BGF အဖွဲ့က ရွှေကုက္ကိုမှာရှိတဲ့ ကျားဖြန့်တွေကို ရှင်းလင်းတော့မယ်ဆိုပြီး စတင်ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ 

Border experts highlight that destroying a few dozen buildings out of hundreds is merely a smokescreen. The syndicates have rapidly adapted, diversifying their bases across major mainland cities in Myanmar, moving deeper into Chinese networks, or setting up heavily protected hubs right along the Thai border to escape accountability.
နယ်စပ်အရေးစောင့်ကြည့်သူတွေကတော့ စစ်ကောင်စီဟာ အဆောက်အအုံ ဆယ်ဂဏန်းလောက်ကိုပဲ အရုပ်ပြ ဖြိုဖျက်ပြနေတာဖြစ်ပြီး၊ တကယ်တမ်း ကျားဖြန့်ဂိုဏ်းတွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ တရုတ်နိုင်ငံ၊ မြန်မာပြည်တွင်းက မြို့ကြီးတွေနဲ့ ထိုင်းနိုင်ငံနယ်စပ်အတွင်း အကာအကွယ်ယူကာ အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

Currently, the military junta and BGF have heavily locked down Shwe Kokko, enforcing strict checkpoints and restricting the movement of local civilians.
လက်ရှိ ရွှေကုက္ကိုဒေသတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ BGF ပူးပေါင်းတပ်တွေက လုံခြုံရေးတွေကို အလွန်အမင်း တင်းကျပ်ထားပြီး ပြည်သူအချို့ရဲ့ သွားလာမှုတွေကိုပါ ပိတ်ဆို့ကန့်သတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ််။ 

Locals suspect these severe restrictions are intended to prevent information leaks regarding the relocation routes of these cyber-scam cartels and their new operating zones.
ဒါဟာ ကျားဖြန့်ဂိုဏ်းတွေ တကယ်တမ်း ရွှေ့ပြောင်းနေတဲ့ လမ်းကြောင်းတွေနဲ့ လုပ်ငန်းခွင်အသစ်တွေကို သတင်းပေါက်ကြားမှုမရှိစေဖို့ ဖုံးကွယ်တဲ့အနေနဲ့ ဒေသခံတွေကို ပိတ်ဆို့ထားခြင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက သံသယဖြစ်နေကြပါတယ်။ 


Photo: Saw Zin Maung (Public Myanmar News)

According to regional ground sources, since early 2026, cyber-scam operations have significantly resurged across Shwe Kokko, Myawaddy, and Mae Htaw Tha Lay. Furthermore, numerous new scam hubs have aggressively emerged in areas including Thit Ka Tay, Metta Lin Myaing, Phalu, Kyauk Khet, Son See Myaing, and Three Pagodas Pass. 
မြေပြင်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ၂၀၂၆ နှစ်ဆန်းပိုင်းမှစပြီး ရွှေကုက္ကို၊ မြဝတီမြို့နှင့် မယ်ထော်သလေးဒေသတို့၌ ကျားဖြန့်ဆိုက်များ ပြန်လည် လုပ်ကိုင်လာကြသည့်အပြင် သစ်ကတေ၊ မေတ္တာလင်းမြိုင်၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင် နဲ့ ဘုရားသုံးဆူ စတဲ့ဒေသတွေမှာလည်းကျားဖြန့်ဆိုက်နေရာအသစ်များစွာ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ 

To create a visual distraction, the military junta, following its anti-scam draft law on May 14, demolished two abandoned structures in Shwe Kokko on May 25, announcing plans to destroy up to 77 buildings. However, border sources highlight that the junta is intentionally raiding only the KNA-controlled side of Shwe Kokko for international optics, while completely leaving the cyber-scam hubs inside the Democratic Karen Benevolent Army(DKBA) territory untouched. 
အမေရိကန်နိုင်ငံရဲ့ ဖိအားကြောင့် မေ ၁၄ ရက်မှာ ကျားဖြန့်ဥပဒေကြမ်းကို စစ်အုပ်စုက ထုတ်ပြန်ခဲ့ပြီး၊မေ ၂၅ ရက်မှာ အဆောက်အအုံ ၂ လုံးကို ဖြိုချပြကာ အဆောက်အအုံ ၇၇ လုံးအထိ ဆက်လက်ဖျက်ဆီးသွားမယ်လို့ ထုတ်ပြန်ထားပေမယ့်၊ဒါဟာ အမှန်တကယ် ရှင်းလင်းတာ မဟုတ်ဘဲ စKNA ထိန်းချုပ်ရာ ရွှေကုက္ကိုဘက်ကိုသာ အကြိမ်ကြိမ်စီးနင်းပြနေပြီး၊ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်းကကျားဖြန့်ဆိုက်တွေကိုတော့စီးနင်းနိုင်တာမရှိသေးပါဘူး။

Consequently, scam operators have rapidly expanded into these new zones. Notably, the notorious "Tai Chang" scam centers—for which the United States government issued a $10 million bounty for information on April 23—are currently operating actively in the Kyauk Khet area under DKBA territory.
ဒါ့အပြင်DKBA နယ်မြေများအတွင်း ကျားဖြန့်တွေဟာအချိန်တိုအတွင်း အများအပြား အခြေစိုက်လာခဲ့ကာ ပြီးခဲ့တဲ့ဧပြီ ၂၃ ရက်မှာအမေရိကန်နိုင်ငံက သတင်းအချက်အလက်အတွက် ဆုကြေးဒေါ်လာ ၁၀ သန်းအထိ ထုတ်ပြန်ခဲ့တဲ့‘တိုင်ချန်း’ (Tai Chang) ကျားဖြန့်စင်တာတွေဟာလည်းလက်ရှိကျောက်ခက်ဒေသမှာရှိနေတာပါ။
Photo: Saw Zin Maung (Public Myanmar News)

According to U.S. government reports, Southeast Asia-based transnational organized crime organizations (TCOs) are aggressively targeting American citizens with large-scale cyber-fraud operations. In 2025 alone, American citizens lost over $7.2 billion to these devastating scams. 
အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်တွေအရ အရှေ့တောင်အာရှအခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်းတွေ (TCOs) ဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး၊အကြီးစား ဆိုက်ဘာလိမ်လည်မှုများ ပြုလုပ်နေကာ ၂၀၂၅ တနှစ်အတွင်းမှာပဲ အမေရိကန်
နိုင်ငံသားတွေဟာ အဆိုပါငွေလိမ်လည်မှုလုပ်ငန်းတွေကြောင့် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြရပါတယ်။

Currently, the military junta and BGF/KNA forces have tightly locked down Shwe Kokko, enforcing strict checkpoints to prevent information leaks regarding the relocation routes of these cyber-scam cartels into their newly established zones. While the military regime attempts to dodge international sanctions and FBI scrutiny by staging structural demolitions, it remains the ultimate benefactor, continuing to reap billions in illicit revenue and bribes from these transnational crime networks.
လက်ရှိမှာ အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတကာရဲ့ အရေးယူမှုတွေနဲ့ FBI ရဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ ရုန်းထွက်ဖို့ အဆောက်အအုံတချို့ကို ဟန်ပြဖျက်ဆီးပြနေပေမယ့်၊ တကယ်တမ်းမှာတော့ သတင်းမပေါက်ကြားအောင် ဒေသခံတွေကို လမ်းပိတ်ဆို့ထားပြီး ကျားဖြန့်ဆိုက်အသစ်တွေဆီ ရွှေ့ပြောင်းနေတာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကတော့ ဒီနိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဆီကနေ ဘီလီယံနဲ့ချီတဲ့ လာဘ်ငွေတွေကို ကန့်လန့်ကာနောက်ကွယ်ကနေ ဆက်လက်ရယူအမြတ်ထုတ်နေတာ ဖြစ်ပါတယ်။

Edit : Public Myanmar News

Photo Credit:Cj& Public Myanmar News
#Myanmar #WhatsHappeningInMyanmar #ShweKokko #CyberScamCentres #ScamCenterStrikeForce #BGF #HumanTrafficking #TransnationalCrime #FBIScrutiny #JuntaSmokescreen #PublicMyanmarNews




Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

The Passing of Thailand’s Princess Bajrakitiyabha and Her Historic Legacy

Public Myanmar News(လူထုမြန်မာ)၊ June 18,2026. Published by Saw Zin Maung, The Thailand’s kingdom is officially mourning the loss of Princes...