Wednesday, June 17, 2026

Online Scam Cartels Expand Openly in Myaungmya via Bribes, Swindling Migrant Workers

Photo- CJ


Public Myanmar News (လူထုမြန်မာ), June 17,2026.

By PMN 02,


Online scam cartels, locally known as "Kyat Phant," are operating completely out in the open in Myaungmya Township.

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်ထဲက လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတို့မှာ "ကျားဖြန့်" လို့ ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေပိုမိုဆိုးရွှားစွာပြုလုပ်လာတယ်လို့ဒေသခံတွေကလူထုမြန်မာကိုပြောပါတယ်။

 

It is dragging underage children into illegal money-making paths and destroying the local community, according to residents.

 အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ငွေအလွယ်ရလို့ လမ်းမှားရောက်ပြီး လူထုအသိုင်းအဝိုင်းတစ်ခုလုံး ပျက်စီးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

Locals say that scam lords who previously fled have now returned after paying massive bribes to corrupt local police and officials.

 ဒေသခံတွေရဲ့ အဆိုအရတော့ ယခင်က ဟန်ပြနှိမ်နင်းမှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေဟာ အောက်ခြေရဲတွေနဲ့ အာဏာပိုင်တွေကို လာဘ်ထိုးပြီး ပြန်လုပ်နေပါတယ်။

 

A local scammer named "Kyet Pha Gyi" and his gang targets Myanmar migrant workers by posing as money transfer brokers.

 ဒါ့အပြင် လက်ရှိမြောင်းမြမှာ "ကြက်ဖကြီး" (ဦးဝင်းရှိန်ရဲ့သား) နဲ့ အပေါင်းအပါတွေဟာ ပြည်ပရောက် မြန်မာလုပ်သားတွေကို ပစ်မှတ်ထားပြီး ငွေလွှဲပွဲစားယောင်

ဆောင်ကာ လိမ်လည်နေတာပါ။


 They intercepted and stole hard-earned salaries, swindling over 10 million Kyat in a single day, leaving families devastated.

 သူတို့ဟာ မိသားစုတွေဆီ ပြန်ပို့တဲ့ လစာငွေတွေကို ကြားကနေ လိမ်လည်သွားတာဖြစ်ပြီး တစ်ရက်တည်းမှာပဲ ငွေကျပ် သိန်း ၁၀၀ ကျော် (၁၀ သန်းကျော်) လိမ်လည်ရယူနေတာဖြစ်ပါတယ်။


 

Since migrant workers undergo severe hardships abroad, local residents are demanding authorities to crack down on these scams immediately.

 ပြည်ပမှာ ပင်ပန်းဆင်းရဲခံရှာထားရတဲ့ သွေးချွေးစာတွေကို လမ်းခရီးကနေ အလွယ်တကူ လိမ်နေကြတာမို့ ဒီကျားဖြန့်အဖွဲ့တွေကို ထိရောက်စွာ အမြန်ဆုံး နှိမ်နင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

 

Analysts warn that these syndicates are spreading like cancer cells into rural areas due to the breakdown and corruption of local administration.

 မြေပြင်လေ့လာသူတွေကတော့ နယ်စပ်မှာ နှိမ်နင်းခံရတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ အောက်ခြေယန္တရား စုတ်ပြတ်လာမှုကြောင့် အခုဆို ကျေးလက်ဒေသတွေအထိ ကင်ဆာဆဲလ်လို ပြန့်ပွားလာနေပြီလို့ သတိပေးထားပါတယ်။


Edit & Translate: Public Myanmar News


#PublicMyanmarNews #မြောင်းမြကျားဖြန့် #အွန်လိုင်းငွေလိမ်လည်မှု #ပြည်ပရောက်မြန်မာလုပ်သား #ငွေလွှဲလိမ်လည်မှု #ဧရာဝတီတိုင်း #MyaungmyaScams #OnlineScam #MigrantRemittances

Thursday, June 11, 2026

American Diplomat Found Dead in Yangon; Thai Woman Detained ရန်ကုန်မြို့တွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ၊ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထား

Photo Credit: US EMBASSY (Yangon)



Public Myanmar News (လုထုမြန်မာ)၊ June 11th 2026.

Reported by Ko Saw,


An American diplomat was found dead  in Myanmar's largest city, Yangon. 

 မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ အမေရိကန် သံတမန်တစ်ဦး သေဆုံးနေတာကို တွေ့ရှိရကြောင်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ 

 

The U.S. State Department confirmed the death of a government employee  assigned to the embassy in Yangon. 

   ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှာ တာဝန်ကျနေတဲ့  အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးသွားတာ မှန်ကန်

ကြောင်း  ဝါရှင်တန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ 


Diplomatic sources say  the man was found dead // at the Sakura Residence and Hotel. 

    သံတမန်အသိုင်းအဝိုင်းရဲ့ ပြောကြားချက်အရ  အဆိုပါ အမေရိကန်သံတမန်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အမေရိကန်သံရုံးနဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့  ဆာကူရာ ရီဇီဒန့်စ် ဟိုတယ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 


 Local police are treating the case  as a possible homicide  and have detained a Thai woman. 

   လက်ရှိမှာတော့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို  လူသတ်မှု ဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနေကာ  အမှုနဲ့ ဆက်စပ်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ 


 Both the hotel management and the military junta's local police have refused to comment on the case. 

   ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆာကူရာဟိုတယ် မန်နေဂျာအပြင် သက်ဆိုင်ရာ နယ်မြေခံ စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တစ်စုံတစ်ရာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ 

 

 The Thai Embassy in Yangon  has also declined to provide any details  about consular support for the suspect. 

  

 တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖမ်းဆီးခံထားရတဲ့ သံသယရှိသူ အမျိုးသမီးအတွက် သံတမန်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေး၊ မပေးဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ 


Media and diplomatic observers state that this incident highlights the deteriorating security  and breakdown of law and order  under the military junta in Myanmar. 

မီဒီယာနဲ့ နိုင်ငံတကာ သံတမန်ရေးရာ စောင့်ကြည့်

လေ့လာသူတွေကတော့ ဒီဖြစ်ရပ်ဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီရဲ့ အောက်ခြေ လုံခြုံရေးနဲ့  တရားဥပဒေစိုးမိုးမှု လုံးဝယိုယွင်းလာတာကို  မီးမောင်းထိုးပြနေတယ်လို့ သုံးသပ်ကြပါတယ်။ 

 They also criticize the regime's culture of secrecy, noting the lack of transparency  even in a high-profile  international case. 

 ဒါ့အပြင် သတင်းအချက်အလက်တွေကို စစ်အုပ်စြဘက်က အမြဲတမ်း ဖုံးကွယ်လေ့ရှိတာကြောင့်  နိုင်ငံတကာ သံတမန်တစ်ဦး သေဆုံးမှုလို အရေးကြီးတဲ့ အမှုမျိုးမှာတောင် ပွင့်လင်းမြင်သာမှု မရှိဘဲ သတင်းမှောင်ချထားဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြထားပါတယ်။ 

Editor - PMN01

#PublicMyanmarNews #USDiplomat #YangonIncident #SakuraResidence 


Behind the Shield of "Anti-Fake News": The Resurgence of Junta Lobbyists and Broker Media Networks သတင်းအမှား တိုက်ဖျက်ရေး" ခေါင်းစဉ်အောက်ကအာဏာသိမ်း စစ်အုပ်စု ရဲ့ဝါဒဖြန့် လော်ဘီများနှင့် အမှုပွဲစား မီဒီယာဟောင်းများ၏ လှုပ်ရှားမှု

 

Photo credit: SH Media Facebook page


Public Myanmar News - Special Investigative Feature (အထူးစုံစမ်းထောက်လှမ်းရေး သတင်းဆောင်းပါး ကဏ္ဍ)

Public Myanmar News(လူထုမြန်မာ)၊ June 11th 2026.

By PMN01,


Recently, the so-called "SH News Agency," also known as the Special Public Loudspeaker Joint Journal, has been holding a series of district-level meetings across Yangon and Mandalay regions. Led by its Chief Editor and CEO, U Thet Naing Oo, the group claims these seminars aim to combat "fake news" and "disinformation" that target military junta departments.

လတ်တလော ရက်ပိုင်းအတွင်းမှာ "SH သတင်းဌာန" လို့ ခေါ်တဲ့ အထူးဟစ်တိုင် သတင်းအေဂျင်စီ (ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံဂျာနယ်) အဖွဲ့ဝင်တွေဟာ ဗဟိုအယ်ဒီတာချုပ်ဖြစ်သူ CEO ဦးသက်နိုင်ဦး ဦးဆောင်ပြီး ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ခရိုင်အသီးသီးဆီ ကွင်းဆင်းကာ အစည်းအဝေးတွေကို ဆက်တိုက် လှည့်လည် ကျင်းပနေပါတယ်။ သူတို့ကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ဌာနဆိုင်ရာတွေအပေါ် ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေမယ့် သတင်းအမှားတွေကို တိုက်ဖျက်ဖို့လို့ ကြွေးကြော်နေကြပါတယ်။


Photo credit: SH Media Facebook page 


Weaponizing "Disinformation" for Regime Propaganda

(ဝါဒဖြန့်ချိရေးအတွက် "သတင်းအမှား" ခေါင်းစဉ်ကို အသုံးချလာခြင်း)

However, media analysts and observers state that this is a coordinated effort to intensify the regime's propaganda machine, suppress ground-level truths, and mislead the public amidst the ongoing national crisis. The sudden expansion of their district offices is seen as a strategic move to dominate local information flows.

ဒါပေမဲ့ စစ်ရေးနဲ့ မီဒီယာ လေ့လာစောင့်ကြည့်သူတွေကတော့ ဒါဟာ မြေပြင်က တကယ့်သတင်းမှန်တွေကို ဖုံးကွယ်ပြီး စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကို အရှိန်မြှင့်ဖို့ လုပ်ဆောင်လာတာလို့ ထောက်ပြကြပါတယ်။ သူတို့ရဲ့ ခရိုင်ရုံးခွဲတွေကို ဒေသအသီးသီးမှာ ရုတ်တရက် တိုးချဲ့ဖွင့်လှစ်လာတာဟာ ဒေသတွင်း သတင်းစီးဆင်းမှုတွေကို ထိန်းချုပ်ဖို့ စနစ်တကျ ပြင်ဆင်လာတဲ့ ဗျူဟာမြောက် လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။


Photo credit: SH Media Facebook page

The Dark History of MCRA (1997–2018)

(ဖျက်သိမ်းခံ မှုခင်းသတင်းထောက်များအသင်း၏ သမိုင်းဆိုး)

To understand the reality behind this group, it is essential to look back at its notorious history. The network originally originated from the Myanmar Crime Reporters Association, widely known as MCRA. This association was first formed in 1997 under the direct influence of the former Home Affairs Minister, Lieutenant General Tin Hlaing, during the previous military dictatorship.

ဒီအဖွဲ့အစည်းရဲ့ အမှန်တရားကို သိနိုင်ဖို့ဆိုရင် သူတို့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နောက်ခံသမိုင်းကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီကွန်ရက်ဟာ မူလက ၂၀၁၈ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရတဲ့ "မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း" ခေါ် MCRA ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ MCRA အဖွဲ့ကို လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်၊ နဝတ စစ်အာဏာရှင် လက်ထက်က ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တင်လှိုင် က နောက်ကွယ်ကနေ ပံ့ပိုးပြီး ဖွဲ့စည်းပေးခဲ့တာပါ။


For over two decades, MCRA became infamous not for professional journalism, but for rampant corruption. Many of its members exploited their media badges to act as corrupt brokers—extorting money from citizens, accepting bribes, and illegally interfering in police stations and judicial cases. Following intense public complaints and overwhelming evidence of malpractice, the Ministry of Home Affairs officially dissolved and banned MCRA in 2018.

ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် ဒီအသင်းသား အများစုဟာ သတင်းစာဆရာ ကျင့်ဝတ်အတိုင်း မလုပ်ဘဲ သတင်းထောက် ကတ်ပြားကို အလွဲသုံးစားလုပ်ပြီး ငွေညှစ်တာ၊ လာဘ်စားတာနဲ့ ရဲစခန်း၊ တရားရုံးတွေမှာ အမှုပွဲစားလုပ်ပြီး စီးပွားရှာခဲ့ကြတာကြောင့် နာမည်ပျက်ခဲ့ပါတယ်။ ဒီလို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ တိုင်ကြားချက်တွေ အလွန်များပြားလာတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနကနေ ဒီ MCRA အသင်းကြီးကို တရားဝင် ဖျက်သိမ်းပစ်ခဲ့ရပါတယ်။


Photo credit: SH Media Facebook Page 

Rebranding Corruption Under New Media Badges

 (သတင်းဌာနအမည်သစ်ဖြင့် အမှုပွဲစားဟောင်းများ ပြန်လည်ခေါင်းထောင်လာခြင်း)

Today, those same notorious figures have re-emerged under new media names like "SH News Agency." The current leadership, particularly CEO U Thet Naing Oo, faces heavy criticism within the media community for a total lack of journalistic integrity and for operating as an official mouthpiece for the military junta.

ဒီကနေ့မှာတော့ အဲဒီ နာမည်ပျက် အမှုပွဲစားဟောင်းတွေဟာ အမည်သစ်တွေ ပြောင်းလဲပြီး လိုင်းပေါ် ပြန်တက်လာကြပါတယ်။ အခု SH သတင်းဌာနကို ဦးဆောင်နေတဲ့ CEO ဦးသက်နိုင်ဦး ဆိုသူဟာ မီဒီယာလောကမှာ ကျင့်ဝတ်သိက္ခာ လုံးဝမရှိသူအဖြစ် အဝေဖန်ခံနေရပြီး စစ်အုပ်စုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို အသုံးချကာ ဝါဒဖြန့်လုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


Photo Credit : Google 


The Junta’s Wider Propaganda Network

(စစ်ကောင်စီ၏ အခြားသော ဝါဒဖြန့် ကွန်ရက်များ)

This is not an isolated phenomenon. The military council is actively funding and fabricating multiple propaganda networks to manipulate public perception. Agencies such as NP News, People Media, and Myanmar Hard Talk operate under identical patterns. They all disguise themselves as independent or alternative media, while their primary operations consist of attacking legitimate independent journalists, whitewashing the regime's atrocities, and gaslighting the public about the country's actual situation.

ဒါဟာ တစ်ခုတည်းသော အဖွဲ့အစည်း မဟုတ်ပါဘူး။ 

စစ်အုပ်စု ဟာ လက်ရှိ သူတို့အတွက်ထောက်ခံတဲ့မီဒီယာ တွေမှာ ပြည်သူလူထုရဲ့ အမြင်ကို လှည့်စားဖို့အတွက် ဝါဒဖြန့် ကွန်ရက်ပေါင်းများစွာကို ငွေကြေး ထောက်ပံ့နေပါတယ်။ လိုင်းပေါ်မှာ ရှိနေတဲ့ NP News၊ People Mediaနဲ့ မြန်မာဟတ်ဒ်တော့ခ် (Myanmar Hard Talk) စတဲ့ သတင်းဌာနတွေဟာလည်း အခု SH သတင်းဌာနလိုပဲ ပုံစံတူ လှုပ်ရှားနေတဲ့ လော်ဘီ မီဒီယာတွေ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ မိမိကိုယ်ကိုယ် လွတ်လပ်တဲ့ သတင်းဌာနတွေအဖြစ် ဟန်ဆောင်ထားကြပြီး မြေပြင်က သတင်းထောက်အမှန်တွေကို တိုက်ခိုက်တာ၊ တိုင်းပြည်ရဲ့ ပကတိ အခြေအနေဆိုးတွေကို ပြည်သူတွေ အမြင်လွဲမှားအောင် လှည့်စား ဝါဒဖြန့်တာတွေကိုပဲ အဓိက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။


A Call for Public Vigilance

 (မိဘပြည်သူများ သတိပြုနိုင်ရေး တိုက်တွန်းချက်)

Public Myanmar News urges the audience and the international community to remain highly vigilant, verify all news sources, and recognize these shadow organizations for what they truly are—propaganda fronts for the military regime. We will continue to uncover the truth and counter the systematic spread of state-sponsored disinformation.

ဒါကြောင့် မိဘပြည်သူတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ လိုင်းပေါ်က သတင်းအတု၊ သတင်းအမှားတွေကို အထူးသတိပြုကြဖို့နဲ့ သတင်းဌာနတွေရဲ့ နောက်ခံသမိုင်းကို သေသေချာချာ ချင့်ချိန်ကြဖို့ တိုက်တွန်းလိုပါတယ်။ လူထုမြန်မာ သတင်းဌာနအနေနဲ့ကတော့ အာဏာသိမ်းစစ်

အုပ်စုရဲ့ စနစ်တကျ ဝါဒဖြန့်မှုတွေကို အမြဲတမ်း တွန်းလှန်ပြီး အမှန်တရားကို ဆက်လက် ဖော်ထုတ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။


#Public Myanmar News #Special Investigative Feature 


Tuesday, June 2, 2026

BREAKING NEWS] Renowned Burmese filmmaker and poet Min Htin Ko Ko Gyi has passed away this morning ဒါရိုက်တာ မင်းထင်ကိုကိုကြီး ယနေ့မနက်ပိုင်းတွင် ကွယ်လွန်



Photo credit: Social Media 

Public Myanmar News (လူထုမြန်မာ), June 2nd 2026

Yangon, Reported by PMN01


Renowned Burmese filmmaker and poet Min Htin Ko Ko Gyi has passed away this morning at the age of 62.

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ကဗျာဆရာ၊ မှတ်တမ်းတင်ရုပ်ရှင် ဒါရိုက်တာနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ယနေ့ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ မိသားစုနဲ့ နီးစပ်သူတွေကလူထုမြန်မာကိုပြောပါတယ်။



The 62-year-old director, Min Htin Ko Ko Gyi, passed away due to complications from liver cancer, a disease he had suffered from for many years.

အသက် ၆၂ နှစ်အရွယ် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူနှစ်ရှည်လများ ခံစားနေရတဲ့ အသည်းကင်ဆာရောဂါ နောက်ဆက်တွဲ ဝေဒနာတွေကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။



He bravely stood for cinema and the revolution, and was unjustly detained by the terrorist military junta on the very first day of the 2021 military coup. After being imprisoned in Insein Prison for years without proper medical care, his health deteriorated, leading to his passing this morning.

သူဟာ ရုပ်ရှင်အတတ်ပညာနဲ့ တော်လှန်ရေးဘက်မှာ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့ ပထမဆုံးနေ့မှာတင် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ အင်းစိန်ထောင်တွင်းမှာ ဆေးကုသခွင့် ကောင်းကောင်းမရဘဲ နှစ်ရှည်လများ အကျဉ်းချခံခဲ့ရပြီးနောက် ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့ရာကနေ ယနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။


The passing of Director Min Htin Ko Ko Gyi is a monumental loss for Myanmar's cinema and the Spring Revolution.

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားခြင်းဟာ မြန်မာ့ရုပ်ရှင်လောကနဲ့ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါတယ်။


Edit : Public Myanmar News

Photo Credit: Social Media


#MinHtinKoKoGyi #Filmmaker #BreakingNewsMyanmar #PublicMyanmarNews #မင်းထင်ကိုကိုကြီး #ရုပ်ရှင်ဒါရိုက်တာ

Saturday, May 30, 2026

AA Declares Near-Total Control Over Rakhine State Arakan Revolution Edges Closer to Absolute Victory ရခိုင်တစ်ပြည်လုံး နီးပါးကို AA ထိန်းချုပ် - အာရက္ခတော်လှန်ရေး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိလာခြင်း(သုံးသပ်ဆောင်းပါး- Opinion )


Photo: AA Info Desk

Public Myanmar News (လူထုမြန်မာ),May 30, 2026.

By Saw Zin Maung,


A monumental military and political shift is reshaping Myanmar's western frontline. The United League of Arakan / Arakan Army (ULA/AA) officially announced on the night of May 29th that it has secured near-total control over the entirety of Rakhine State, stating that the Arakan National Revolution is now just a single step away from achieving 100% success.

ရခိုင်ပြည်နယ်အတွင်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော စစ်ရေး၊ နိုင်ငံရေး အလှည့်အပြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ 

ရခိုင်တစ်ပြည်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အာရက္ခအမျိုးသားတော်လှန်ရေး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသာ လိုတော့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က မေလ ၂၉ ရက် ညပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်

သည်။


This strategic milestone underscores the profound collapse of the military junta’s grip on Rakhine, while signaling the rise of a new regional governance structure. 

ဤထုတ်ပြန်ချက်သည် ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီတပ်များ၏ အလုံးစုံပြိုလဲမှုကို ပြသနေရုံသာမက၊ ဒေသတွင်း အုပ်ချုပ်ရေးယန္တရားအသစ်တစ်ခု အသက်ဝင်နေပြီဖြစ်ကြောင်း ကမ္ဘာကို အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။ 


According to the ULA/AA statement, the revolution has achieved absolute control over key townships including Pauktaw, Kyauktaw, Mrauk-U, Minbya, Myebon, Ponnagyun, Ramree, Taungup, Maungdaw, Thandwe, Ann, and Paletwa in Chin State. Offensive operations are currently underway to dismantle remaining junta strongholds in Sittwe, Kyaukphyu, and Manaung.

ULA/AA ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်တော၊ သံတွဲ၊ အမ်း နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့များကိုလည်း မကြာမီ အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိသည်။


Photo:AA Info Desk 


A Victory Forged in Blood and the Enemy's Desperate Retaliation (သွေးချွေးများဖြင့် ရင်းနှီးခဲ့ရသော အောင်ပွဲနှင့် ရန်သူ၏ အရူးမီးဝိုင်းတုံ့ပြန်မှု)


The AA profoundly acknowledged that this historic achievement is the direct result of the ultimate sacrifices, lives, and blood of Arakan fighters, coupled with the unwavering solidarity of the Arakanese public. 

AA အနေဖြင့် ဤကဲ့သို့သော သမိုင်းဝင်အောင်မြင်မှုသည် အာရက္ခစစ်သည်တော်များ၏ အသက်၊ ဘဝ၊ သွေးချွေးများစွာ စွန့်လွှတ်မှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ခိုင်မာသော ပံ့ပိုးကူညီမှုကြောင့် ဖြစ်သည်ဟု လေးနက်စွာ အသိအမှတ်ပြုထားသည်။ 


However, the leadership cautioned that the revolution is not yet complete. Reeling from catastrophic territorial losses, the military junta has responded with heavy artillery and intensified airstrikes, targeting civilian towns and villages in a desperate bid to disrupt the opposition’s momentum.

သို့သော်လည်း တော်လှန်ရေးသည် လုံးဝဥဿုံ မပြီးဆုံးသေးကြောင်း AA က သတိပေးထားသည်။ စစ်ရေးအရ အရှုံးကြီး ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ် ဆုံးရှုံးလိုက်ရသည့် မြို့ရွာများကို လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုကာ ယခင်ကထက် ပိုမိုပြင်းထန်စွာ အရူးမီးဝိုင်း တိုက်ခိုက်

ဖျက်ဆီးလာနေသည်။


Beyond the physical battlefield, the Arakan revolutionary government is also actively countering political and diplomatic maneuvers on the international stage. This indicates that while the AA has secured physical territory, it is simultaneously navigating a complex geopolitical landscape to establish international legitimacy.

စစ်ရေးအပြင် အာရက္ခတော်လှန်ရေးအစိုးရသည် နိုင်ငံတကာအဆင့်တွင် နိုင်ငံရေး၊ သံတမန်ရေးဆိုင်ရာ တိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ၎င်းသည် AA အနေဖြင့် နယ်မြေစိုးမိုးရုံတင်မကဘဲ ကမ္ဘာ့အလယ်တွင် တရားဝင်မှုရရှိရန် သံတမန်ရေး စစ်မျက်နှာကိုပါ ခရင်စတင် ရင်ဆိုင်နေရသည့် သဘောဖြစ်သည်။



Photo: AA Info Desk 


State-Building Amid Conflict: Preserving Mrauk-U's Heritage(တိုက်ပွဲကြားက တိုင်းပြည်တည်ဆောက်ရေးနှင့် မြောက်ဦးယဉ်ကျေးမှုဇုန် ထိန်းသိမ်းရေး)


Remarkably, the AA is not just fighting a war; it is concurrently laying the groundwork for post-conflict governance and civil administration.

ထူးခြားချက်မှာ AA သည် စစ်ရေးတိုက်ပွဲများကို ဆင်နွှဲနေရုံသာမက၊ တစ်ပြိုင်နက်တည်းမှာပင် နယ်မြေစိုးမိုးရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက် စတင်နေပြီဖြစ်သည်။ 


The Arakan People's Revolutionary Government has systematically initiated projects to restore the rule of law, healthcare, education, administration, and rural-urban development across liberated zones. အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။


Urban planning committees have been established to systematically develop various regions, including the ancient historic city of Mrauk-U. Crucially, specific measures have been laid out to preserve and protect the ancient Mrauk-U cultural zone as a world-class heritage site a clear demonstration of the revolutionary government's capacity to ensure long-term stability and cultural preservation.

အထူးသဖြင့် မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြေ အပါအဝင် ဒေသအသီးသီးတွင် မြို့ပြအစီအစဉ်များ စနစ်တကျ ရေးဆွဲနေပြီ ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ ရှေးဟောင်းအမွေအနှစ်ဇုန်ဖြစ်သည့် မြောက်ဦးယဉ်ကျေးမှုနယ်မြေကို သန့်ရှင်းစွာ ထိန်းသိမ်းကာကွယ်ရန် အစီအစဉ်များ ချမှတ်ထားကြောင်း ထည့်သွင်းပြောကြားထားရာ ၎င်းသည် ဒေသတွင်း တည်ငြိမ်မှုကို ပြသနိုင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။


In conclusion, Rakhine State is rapidly transitioning away from military dictatorship toward self-determination and national reconstruction. As the Arakan revolutionary government urges citizens to actively participate in state-building initiatives with national solidarity, it is evident that the future of Rakhine is closing in on a defining, historic triumph.


နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်နယ်သည် ယခုအခါ စစ်ကောင်စီ၏ လက်အောက်မှ လွတ်မြောက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသားပြန်လည်ထူထောင်ရေး လမ်းကြောင်းပေါ်သို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေပြီ ဖြစ်သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း ပြည်သူများအနေဖြင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသားရေးအသိစိတ်ဖြင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားပြီး၊ ရခိုင်ပြည်၏ အနာဂတ်သည် အာရက္ခတော်လှန်ရေး ရာနှုန်းပြည့်အောင်မြင်မည့် လက်တကမ်းအလိုသို့ စတင်ချဉ်းကပ်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။


Edit: Public Myanmar News

Photo Credit: AA INFO Desk


Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

The Passing of Thailand’s Princess Bajrakitiyabha and Her Historic Legacy

Public Myanmar News(လူထုမြန်မာ)၊ June 18,2026. Published by Saw Zin Maung, The Thailand’s kingdom is officially mourning the loss of Princes...