Saturday, August 1, 2026

လေးမျက်နှာနှင့် သာပေါင်းတွင် တာကျိုးပေါက်၍ နေအိမ် ၅,၀၀၀ ကျော် ရေမြုပ်ပြီး ပြည်သူ ၇,၀၀၀ ကျော် ရေဘေးသင့်၊ လယ်ဧက ၁ သောင်းကျော် ရေနစ် Severe Embankment Breaches in Laymyethna and Thabaung Leave Over 7,000 Flood Victims

 

Photo-Cj


Public Myanmar News-လူထုမြန်မာ, August 1, 2026.

Reported by Ko Saw,

Heavy rains caused major embankment breaches in Laymyethna and Thabaung on July 30th.

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က မြစ်ကျိုးတာနဲ့ သာပေါင်းမြို့နယ်က ထိန်ငူတာတို့ ဇူလိုင်လ ၃၀ ရက် ညပိုင်းမှာ တာကျိုးပေါက်ခဲ့ပါတယ်။

 Delayed warnings left residents with only two hours to evacuate as floodwaters rose up to six feet.

 သတိပေးချက် နောက်ကျခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ပြင်ဆင်ချိန် ၂ နာရီသာ ရရှိခဲ့ပြီး ရေအမြင့် ၄ ပေကနေ ၆ ပေအထိ မြင့်တက်ကာ ကျေးရွာများစွာ ရေနစ်မြုပ်ခဲ့ရပါတယ်။


 Over 5,000 houses and more than 7,000 residents are facing critical flood conditions in Ah In Tha Pyu and other villages.

တာကျိုးပေါက်မှုကြောင့် အိုင်သပြုကျေးရွာ အပါအဝင် ဒေသတွင်း နေအိမ်ပေါင်း ၅,၀၀၀ ကျော်နဲ့ ဒေသခံ ၇,၀၀၀ ကျော် ရေဘေးသင့်နေရတာ ဖြစ်ပါတယ်။

Photo- Cj


A flood relief leader stated: "The river water surged in so rapidly that the entire town was flooded within moments urgent assistance is still needed."

ရေဘေးကူညီရေး ဦးဆောင်သူတစ်ဦးက “မြစ်ရေက ရုတ်တရက် တရှိန်ထိုးဝင်တာဆိုတော့ ခဏလေးနဲ့ တစ်မြို့လုံး ရေကြီးသွားတဲ့ သဘောလို့ ပြောလို့ရတယ်။ ဒီနေ့က မိုးမရွာတော့ဘူး။ မြစ်ရေကတော့ မနေ့ညကတည်းက အိုင်သပြုအထိ ရောက်သွားပြီ။ အိမ်ထောင်စု ၅,၀၀၀ ကျော်နဲ့ ဒေသခံ ၇,၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချပေးပြီး ဆေးကုသမှုနဲ့ ရိက္ခာတွေ ပံ့ပိုးပေးနေပေမဲ့ အကူအညီတွေကတော့ လိုနေတုန်းပါပဲ” လို့ ပြောပါတယ်။

Photo- Locals


In Thabaung, a resident noted: "Thabaung's Htein Ngu embankment broke as well  although it happens annually, this year is the worst."

 သာပေါင်းမြို့နယ်မှာလည်း ထိန်ငူတာ ကျိုးပေါက်လို့ မြို့ပေါ် မြေနိမ့်ပိုင်းတွေ ရေမြုပ်နေပြီး အသက် ၄၀ ကျော်အရွယ် မြို့ခံတစ်ဦးက “လေးမျက်နှာမှာ တာကျိုးသွားတာ အသိတွေ ပြောပြလို့ သိရတယ်။ သာပေါင်းမှာလည်း ထိန်ငူတာကျိုးလို့ မြစ်ရေတွေ မြို့ထဲက မြေနိမ့်ပိုင်းနေရာတွေ ရေမြုပ်နေပါပြီ။ နှစ်တိုင်း ဖြစ်တာဆိုပေမဲ့ ဒီနှစ်ကတော့ အဆိုးဆုံး အခြေအနေနဲ့ကို ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

A farmer stated: "The paddy was planted just a month ago with the floodwaters, over 10,000 acres are likely to be lost."


 ဒါ့အပြင် လေးမျက်နှာ ဒေသခံ လယ်သမားတစ်ဦးကလည်း “လယ်တွေ စိုက်ပြီးတာ လပိုင်းပဲ ရှိသေးတယ်။ အခု မြစ်ရေဝင်တော့ အကုန်မြုပ်ကုန်ပြီ။ပျိုးတက်ခါစတွေဆိုတော့ ရေနစ်တာနဲ့ တော်တော်များများကို ဆုံးရှုံးဖို့က များတယ်။ ဧကနဲ့က တစ်သောင်းကျော်လောက်ကို ရှိနိုင်တယ်” လို့ ပြောပါတယ်။

 

Forced military conscription has driven young men away, severely obstructing flood relief operations.

 စစ်မှုထမ်းဖို့အတင်းအဓမ္မ ပေါ်တာဆွဲမှုတွေကြောင့် လူငယ်အမျိုးသားအင်အား မရှိသလောက် နည်းပါးနေလို့ သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ဖို့ အခက်အခဲတွေကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Rescue teams from Yangon, Mandalay, Hinthada, and Kyonpyaw are assisting war and flood-affected victims.

 လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးနဲ့ ဟင်္သာတ၊ ကျုံပျော်က မီးသတ်နဲ့ ကူညီရေးအဖွဲ့တွေ လာရောက်ကူညီနေကြသလို အဆိုပါဒေသတွေဟာ ၂၀၂၅ ခုနှစ်မှစလို့ တိုက်ပွဲတွေကြောင့် စစ်ဘေးနဲ့ ရေဘေး ဒဏ်တွေကိုပါ ကြုံတွေ့နေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

Edit & Translate : Public Myanmar News-လူထုမြန်မာ

#PublicMyanmarNews #KoZin #လေးမျက်နှာ #သာပေါင်း #မြစ်ကျိုးတာ #ထိန်ငူတာ #တာကျိုးပေါက်မှု #ဧရာဝတီတိုင်းရေကြီးမှု #ရေဘေးသင့်ပြည်သူများ #အရေးပေါ်ကယ်ဆယ်ရေး #စစ်မှုထမ်းဥပဒေ #Laymyethna #Thabaung #AyeyarwadyFlood #EmergencyRelief



No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...