Tuesday, December 23, 2025

CDM Teacher Arrested in Southern Shan State Over Social Media Posts



Public Myanmar News , December 23, 2025.



A Civil Disobedience Movement (CDM) schoolteacher was arrested in southern Shan State after allegedly sharing political content on Facebook, local sources said on Monday.


The teacher was detained on Dec. 19 at a market in Pin Phit village, Yatsauk Township, while selling goods. She is being held at a local detention facility, where she is under interrogation. Her family has not been able to contact her, the sources said.


A local resident said the arrest followed reports by informants that the teacher had shared political posts earlier this month. Authorities reportedly searched her mobile phone and found political-related content.


Separately, local sources said at least three other CDM teachers in the village may face arrest ahead of an upcoming election, after complaints were allegedly filed by non-CDM education staff.


Residents also reported increased activity by junta forces and allied Pa-O People’s Militia (PNO) in Yatsauk Township, including supply collection and recruitment.




ဖေ့စ်ဘွတ်ခ်ပေါ်မှာ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ မျှဝေခဲ့တယ်လို့ဆိုပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မှာ  CDM ကျောင်းဆရာမတစ်ဦးကိုစစ်ကော်မရှင်တပ်တွေက  ဒီဇင်ဘာ ၁၉ ရက်မှာဖမ်းဆီးသွားခဲ့ပါတယ်။


CDMဆရာမကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ  ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဈေးမှာ ဈေးရောင်းနေစဉ် ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ  မြို့နယ်ရဲစခန်း အချုပ်ခန်းတစ်ခုမှထိန်းသိမ်းစစ်ဆေးလျက်နေကာ ဒီကနေ့အချိန်ထိဆက်သွယ်ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေကလူထုမြန်မာကိုပြောပါတယ်။



ဒေသခံတစ်ဦးကတော့ ဆရာမဟာ  အခုလအစောပိုင်းက နိုင်ငံရေးပို့စ်တွေ မျှဝေခဲ့တယ်လို့ သတင်းပေးတိုင်ကြားမှုတွေအပေါ် အခြေခံပြီး ဖမ်းဆီးခဲ့ကာ လက်ကိုင်မိုဘိုင်းဖုန်းကို စစ်ဆေးရာမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အကြမ်းဖက်စစ်အုပ်စုဘက်ကသိရှိခဲ့တာလို့ဆိုပါတယ်။


ဒါ့အပြင်  လာမယ့် စစ်ကော်မရှင် ရွေးကောက်ပွဲမတိုင်ခင် Non-CDM ပညာရေးဝန်ထမ်းအချို့မှ တိုင်ကြားတာတွေကြောင့် ပင်ဖြစ်ကျေးရွာက အခြား CDM ဆရာမ သုံးဦးကိုပါ အကြမ်းဖက်စစ်အုပ်စုကဖမ်းဆီးနိုင်ခြေရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။


ရပ်စောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်တွေနဲ့  ပအိုဝ်းပြည်သူ့စစ် (PNO) တို့ရဲ့ လှုပ်ရှားမှုတွေ တိုးလာသလို ရိက္ခာစုဆောင်းတာနှင့် လူသစ်စုဆောင်းတာတိုပိုမိုလုပ်လာတယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။

Edit  – Public Myanmar News


No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...