Tuesday, December 23, 2025

ကျိုက်ထိုမှာ စစ်ကော်မရှင်တပ် ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၂ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆လုံးပျက်စီး



Public Myanmar News, December 22, 2025.


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၆ လုံး ပျက်စီးသွားခဲ့ပါတယ်။


လူ့အခွင့်အရေးဖောင်ဒေးရှင်း မွန်ဒေသ (HURFOM) ရဲ့ ထုတ်ပြန်ချက်အရ  ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သိမ်ဇရပ်မြို့နဲ့ ဝေါမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းတွေဟာ ကျိုက်ထိုမြို့နယ်၊ ခရွဲ ကျေးရွာအတွင်းကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။


ဒီပစ်ခတ်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ရွှေနဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်စံထွေးတို့ဟာ လက်နက်ကြီးပေါက်ကွဲမှုမှ ထွက်လာတဲ့ အစိတ်အပိုင်းတွေကြောင့် လက်၊ ကျောနဲ့ ခြေထောက်ပိုင်းတွေမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရသူနှစ်ဦးစလုံးကို အနီးအနားရှိ ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ 



ဒေသခံတစ်ဦးက“တိုက်ပွဲမရှိပါဘူး။ စစ်ကောင်စီဘက်က တမင်ရည်ရွယ်ပြီး လက်နက်ကြီးပစ်ခတ်တာပါ။ အခုလိုပစ်ခတ်မှုတွေကြောင့် ရွာသားတွေကြောက်ရွံ့နေရပြီး အသက်ကြီးသူတွေက အနီးအနားဒေသတွေက ဆွေမျိုးအိမ်တွေကို ပြောင်းရွှေ့နေရပါတယ်” လို့ ပြောဆိုထားပါတယ်။


HURFOM ရဲ့ အချက်အလက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မွန်ပြည်နယ်အတွင်း အရပ်သား ၇၄ ဦး သေဆုံးခဲ့ပြီး ၁၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Edit & Video- Public Myanmar News

No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...