Tuesday, December 23, 2025

ကော့သောင်းမြို့မှာ တစ်ပတ်အတွင်း လူငယ် (၁၀၀) ကျော် ဖမ်းဆီးခံနေရ



Public Myanmar News, December 23, 2025.



တနင်္သာရီတိုင်း ကော့သောင်းမြို့ နယ်မှာ  ဒီဇင်ဘာ (၉) ရက် မှ (၁၅) ရက်နေ့အတွင်း  မြို့နဲ့ အနီးတဝိုက်ကျေးရွာတွေက ဒေသခံ လူငယ်အမျိုးသား (၁၀၀) ကျော်ကိုအကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မဖမ်းဆီးတာတွေရှိနေပါတယ်။


ည (၈) နာရီနောက်ပိုင်း လမ်းပေါ်မှာ တွေ့ရှိသမျှ လူငယ်တွေကို ဖမ်းဆီးသွားခဲ့သလို၊ ဧည့်စာရင်း စစ်ဆေးမယ်လို့ဆိုကာ နေအိမ်တွေအတွင်း ဝင်ရောက်ဖမ်းဆီးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေက လူထုမြန်မာကိုပြောပါတယ်။


ဒါ့အပြင်  မြို့အနီးကျေးရွာတွေက ဥယျာဉ်ခြံတွေမှာ အလုပ်လုပ်နေတဲ့  အလုပ်သမားတွေကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့သလို ကျေးရွာတွေမှာပါ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုတွေဆက်လက်ပြုလုပ်နေတာပါ။


ဖမ်းဆီးခံရသူတွေဟာ အသက် (၂၀) မှ (၃၀) အကြား လူငယ်တွေဖြစ်ပြီး ကော့သောင်းမြို့ ရပ်ကွက်တစ်ခုချင်းစီမှ အနည်းဆုံး လူငယ် (၇) ဦးခန့် ဖမ်းဆီးခံခဲ့ကြရတာလို့မြို့ခံတွေကဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့လူငယ်တွေကို ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ ပုလောမြို့နယ် ပလောက်အခြေစိုက် အမှတ် (၁၂) တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်းထံ ပို့ဆောင်ခံထားရတယ်လို့ ဖမ်းဆီးခံခဲ့ရသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။


အာဏာသိမ်းစစ်အစိုးရရဲ့ အတုယောင်ရွေးကောက်ပွဲ နီးကပ်လာသည့်အချိန်နှင့်အမျှ ကော့သောင်းမြို့မှာ လုံခြုံရေး တင်းကြပ်ထားသလို  လူငယ်တွေကို ဆက်လက်ဖမ်းဆီးနေတာအပြင် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသားတွေကိုပါ စစ်မှုထမ်းသင်တန်းတက်ဖို့ စစ်ကော်မရှင်တပ်တွေက အတင်းအကြပ် ပို့ဆောင်နေတယ်လို့မြို့ခံတွေကပြောဆိုထားပါတယ်။

Edit- Public Myanmar News


No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...