Tuesday, December 23, 2025

စစ်ကိုင်းတိုင်းမှာ ၉ ရက်အတွင်းလေကြောင်းတိုက်ခိုက်မှုရဟန်းသံင်္ဃာအပါအဝင်အရပ်သား၈၀နီးပါးသေဆုံး၊တစ်ရာကျော်ထိခိုက်ဒဏ်ရာရ

Photo- MFP


Public Myanmar News, December 23, 2025.

By Ko Saw,


စစ်ကိုင်းတိုင်းမှာ ဒီဇင်ဘာ ၁၂ရက်မှ ၂၁ ရက်နေ့အထိ ၉ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဟန်းသံဃာအပါအဝင်ဒေသခံအရပ်သား ဦးရေ၈၀ နီးပါး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ တစ်ရာနီးပါးရှိလာပါတယ်။


စစ်ကိုင်းတိုင်း ဗန်းမောက်၊ ကောလင်း၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ နဲ့ တန့်ဆည် စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၁ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကနေ၈၀ နီးပါးအထိပြုလုပ်ခဲ့တာပါ။


အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေထဲက ဒီပဲယင်းမြို့နယ်လဘက်ရည်ဆိုင်ဗုံးကြဲတိုက်ခိုက်ခံရမှု၊ စစ်ကော်မရှင်တပ်တွေ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကို ပြန်လည်ထိန်းချုပ်လိုက်တဲ့အတွက် ဧရာဝတီမြစ်ကူးပြီး စစ်ကိုင်းတိုင်းဘက်ကိုလာရောက်ကာ စစ်ဘေးရှောင်ဖို့ကြိုးစားနေတဲ့ဒေသခံတွေအပေါ်ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပြင် ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပေါ် ခင်ဦးမြို့နယ် မြေနီသျှို လမ်းဆုံနဲ့ လက်ပံကုန်းရွာ တဝိုက်ကစက်သုံးဆီဆိုင်နေရာနဲ့ခြံနီးတဝိုက်ကိုဗုံးကြဲတိုက်ခိုက်မှုတွေဟာအဆိုးရွှားဆုံးဖြစ်ပြီး စစ်ဘေးရှောင်ဒေသခံ ၄၀ဦးကျော်သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ တစ်ရာ နီးပါးရှိခဲ့တာလို့ မြေပြင်တော်လှန်ရေးအဖွဲ့ သတင်းအရင်းအမြစ်တွေကလူထုမြန်မာကိုပြောပါတယ်။


“ ဒီဇင်ဘာ ၁၂ ရက်နဲ့ ဒီဇင်ဘာ ၁၈ ရက် အဲ့နေ့တွေမှာစစ်ကော်မရှင်တပ်တွေကလေကြောင်းတိုက်ခိုက်မှုတွေရက်ဆက်ကိုဖြစ်လာတယ်။ဒီပဲယင်းလဘက်ရည်ဆိုင်ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပြီးမှာရွှေဘို-မြစ်ကြီးနားလမ်းဆုံ နဲ့ စစ်ကိုင်းဘက်ကိုဒေသခံတွေစစ်ရှောင်ဖို့ ဧရာဝတီမြစ်ကမ်းနားရောက်နေတုန်းပဲဗုံးကြဲတိုက်ခိုက်ခံရတာအဆိုးဆုံးပဲ။လေယာဉ်တွေဒရုန်းတွေပါရာမော်တာတွေနဲ့တရစပ်ကိုဗုံးကြဲချတာ။လူမဆန်တာထက်ကိုအတိုင်းအတာလွန်သွားပြီ။ အခုဗုံးကြဲမှုတွေအတွက် ကျွန်တော်တို့ကတော့ဒီစစ်ကော်မရှင်တပ်တွေမြေပေါ်ကနေလုံးဝမရှိတော့အထိကိုတော်လှန်သွားမှာဖြစ်တယ်”လို့မြေပြင်တော်လှန်ရေးအဖွဲ့နဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ဦးကလူထုမြန်မာကိုပြောပါတယ်။


Photo- စစ်ဝါဒဖြန့်မီဒီယာ

အကြမ်းအာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာတွေ၊ စက်တပ်လေထီး(ပါရာမော်တာ)တွေနဲ့ဒရုန်းတွေကိုအသုံးပြုပြီး နေ့ရောညပါမကျန် လေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်ပြုလုပ်လာတယ်လို့ ဝေဟင်စောင်ကြည့်နေတဲ့တော်လှန်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။


“ ဂျက်တိုက်လေယာဉ်တွေကတော့အများဆုံးပေါ့။ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာတွေကိုလည်း ပိုပြီးအသုံးပြုလာတယ်။အချိန်ကတော့ပြောလို့မရဘူး။ နေ့ကောညကောဒီရက်ပိုင်းထဲမှာတောက်လျှောက်ကိုဗုံးကြဲလာတာ။ မြေပြင်ထိတွေ့တိုက်ပွဲတွေဖြစ်တာလည်းရှိတယ်။ မဖြစ်လည်းတမင်တကာကိုဗုံးကြဲတိုက်ခိုက်နေတာပါပဲ”လို့ ဝေဟင်စောင်ကြည့်နေတဲ့တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

Photo- MFP



 အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရာမှာ ပုံမှန်ဗုံးကြဲဂျက်တိုက်လေယာဉ်တွေကိုအသုံးပြုတာရှိနေသလို ကုန်ကျစရိတ်သက်သာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာအမျိုးအစားစက်တပ်လေထီးတွေကို ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီးပိုမိုအသုံးပြုလာတာတွေ့ရှိနေရတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေကဆိုပါတယ်။


စစ်ကော်မရှင်တပ်တွေဟာ  ဒီဇင်ဘာ ၁၂ရက်ကနေ ၁၈ ရက်အထိ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကန့်ဘလူ၊ ရွေဘို၊ ခင်ဦး၊ ဝက်လက်၊ ရေဦး၊ ဒီပဲယင်း၊ မြင်းမူ၊ မုံရွာ၊ ကနီနဲ့ ယင်းမာပင်စတဲ့ ၁၁မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၇၈ ကြိမ် ကျူးလွန်ခဲ့တယ်လို့  လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် - NLTA ကထုတ်ပြန်ပါတယ်။



ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလအတွင်း  စစ်ကိုင်းတိုင်းနေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ် ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ၅နှစ်နီးပါးမှာလည်းနိုင်ငံအနှံ့အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုအကြိမ် ၄၂၀၀ ကျော်ပြုလုပ်ခဲ့ကာ အရပ်သားပြည်သူ ၄၄၇၀ ဦး သေဆုံးသွားခဲ့တယ်လို့ ဒီဇင်ဘာ ပထမအပတ်မှာ  NUG ကသတင်းထုတ်ပြန်ထားပါတယ်။

Edit  – Public Myanmar News



No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...