Saturday, December 20, 2025

မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုဝေဟင် အောင်ပရဟိတအဖွဲ့ငွေကျပ်သိန်း၄၀၀၀ကျော်လှူဒါန်း

 


Public Myanmar News, December 20, 2025.


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ၊ခရိုင်ပြည်သူ့ဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ဒဏ်ရာရသူတွေအပြင် ပျက်စီးသွားတဲ့ဆေးဝါးကိရိယာတွေဝယ်ယူနိုင်ဖို့ စာရေးဆရာဝေဟင်အောင်ပရဟိတအဖွဲ့မှငွေကျပ်သိန်းပေါင်း ၄၀၀၀  ကျော်ကို စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။


မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီးထောက်ပံ့လှူဒါန်းတာနဲ့ပက်သက်လို့  ပြည်တွင်း ပြည်ပ အလှူရှင်တွေမှ လှူဒါန်းတဲ့ အလှူငွေ ကျပ်သိန်းပေါင်း ၄၁၀၀ ကို သက်ဆိုင်ရာတာဝန်ရှိသူတွေလက်သို့ လွှဲအပ်ခဲ့ကာ  သေဆုံးဒဏ်ရာရခဲ့တဲ့ မိသားစုဝင်တွေအတွက် အလှူငွေကျပ် သိန်း ၁၁၀၀ နဲ့ ဆေးရုံအတွင်း ပျက်စီးသွားခဲ့တဲ့ ဆေးဝါးကိရိယာတွေဝယ်ယူဖို့ ငွေကျပ်သိန်း ၃၀၀၀ တို့ပါဝင်ခဲ့ကြောင်းပရဟိတစာရေးဆရာဝေဟင်အောင်ကရခိုင်သတင်းမီဒီယာတွေကိုဖြေဆိုထားပါတယ်။



ဒါ့အပြင် ဒီဇမ်ဘာ ၁၂ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ဒဏ်ရာရ မိသားစုတွေအတွက် ကျပ်သိန်း ၁၆၀နဲ့  ကူညီလုပ်ကိုင်ဆောင်ရွက်ပေးသူတွေအတွက် ဝေဟင်အောင် ပရဟိတအဖွဲ့မှ  ငွေကျပ် သိန်း ၂၀ ကို  ကူညီထောက်ပံ့တာရှိခဲ့ပါတယ်။အခုလိုပါဝင်လှူဒါန်းပေးကြတဲ့ ပြည်တွင်းပြည်ပစေတနာရှင်တွေကို အထူးကျေးဇူးတင်ရှိပြီး ဝမ်းမြောက်သာဓုခေါ်ယူပါကြောင်းဆရာဝေဟင်အောင်ကဂုဏ်ပြုပြောဆိုထားပါတယ်။



ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့) ည ၉နာရီကျော်အချိန် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်မှလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံတခုလုံးနီးပါးပျက်စီးခဲ့ကာ ကျန်းမာရေးဝန်ထမ်းတွေ၊ ရက်သားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃၃ဦးသေဆုံးခဲ့ပြီး ၈၀ ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။



ဆေးရုံလေကြောင်းတိုက်ခိုက်မှုအပေါ် အာရက္ခတပ်တော်ရဲ့စစ်စခန်းကိုတိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးလို့စစ်ကော်မရှင်

ဘက်ကစွပ်စွဲပြောဆိုခဲ့ပါတယ်။ဒါ့အပြင် ဆေးရုံပြန်လည်ထူထောင်ရေးအတွက်ငွေကြေးထောက်ပံ့ပေးသူတွေကို အကြမ်းဖက်အားပေးလှုံဆော်သူတွေဖြင့်သတ်မှတ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့အမှုဖွင့်အရေးယူသွားမယ်လို့နေပြည်တော်စစ်ရေးချုပ်ရုံးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေကလူထုမြန်မာကိုပြောဆိုထားပါတယ်။


Edit – Public Myanmar News


#မြောက်ဦးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှု

#ငွေကျပ်သိန်း၄၀၀၀ကျော်

#ဝေဟင်အောင်ပရဟိတအဖွဲ့လှူဒါန်း

No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...