Public Myanmar News, December 19, 2025.
Facebook,YouTube,Twitch, Mediafire တို့မှ စစ်အုပ်စုအတွက်ဝါဒဖြန့်ပေးနေတဲ့အင်တာနက်ပလက်ဖောင်းအကောင့်တွေကို မနေ့ ကပဲအပြီးဖြုတ်ချလိုက်ပါတယ်။
စစ်အုပ်စုအတွက်ဝါဒဖြန့်ပေးဖို့အသုံးပြုနေတဲ့ Facebook,YouTube,Twitch, Mediafire တို့ရှိအင်တာနက်ပလက်ဖောင်းအကောင့်တွေကို ဖယ်ရှားပေးဖို့အတွက် Justice For Myanmar အဖွဲ့က နည်းပညာကုမ္ပဏီများမှ အရေးယူဖို့အတွက် ဖိအားပေးတောင်းဆိုခဲ့ရာမှ မနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ အပြီးဖြုတ်ချပေးခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုအတွက်ဝါဒဖြန့်ဖို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့ရေဒီယို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ လိုင်း ၁၄ ခုတို့ဖြင့်ပက်သက်တဲ့ ဝဘ်ဆိုဒ်Google၊ Apple App stores တွေက မိုဘိုင်း Apps တွေက ဖယ်ရှားခဲ့ပါတယ်။
MITV ဝဘ်ဆိုဒ်မှာ တွဲတင်ထားတဲ့ MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း Twitch သာမက Facebook ကပါဖြုတ်ချခဲ့တာပါ။YouTube ဘက်ကတော့လက်ရှိအချိန်အထိဖြုတ်ချထားတာမရှိသေးဘူးလို့ Justice For Myanmar အဖွဲ့ကဆိုပါတယ်။
MOI Video News ဆိုတဲ့ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာနအကောင့်တစ်ခုကိုတော့YouTubeပလက်ဖောင်းကိုဖယ်ရှားခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးမြို့မှာအခြေစိုက်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးထုတ်ဝေနေတဲ့ ရတနာပုံသတင်းစာအကောင့်တွေကိုFacebook နဲ့ ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝဘ်ဆိုဒ်တို့က ဖယ်ရှားတာတွေရှိခဲ့လို့ ထုတ်ပြန်ချက်အတွင်း Justice For Myanmarအဖွဲ့ ကပြောပါတယ်။
Alphabet (Googleရဲ့ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တို့ထံမှလည်း အလားတူအရေးယူဆောင်ရွက်ဖို့တောင်းဆိုထားပေမဲ့အခုထိဆောင်ရွက်ပေးတာမရှိသေးဘူးလို့ Justice For Myanmar အဖွဲ့ကဆိုပါတယ်။
နည်းပညာကုမ္ပဏီတွေက သူတို့ရဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေပေါ်မှာ ရိုဟင်ဂျာတွေကို လူသားဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက်စေတဲ့ အသုံးအနှုန်းတွေဖြန့်ချီရေးသားနေတဲ့ ဝါဒဖြန့်စာမျက်နှာတွေကို အရေးယူမှုမရှိတဲ့အပေါ် JFMက ဝေဖန်ထားပါတယ်။
“လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး”ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်အတွင်းဝေဖန်ပြောဆိုထားတာပါ။
လူမှုကွန်ယက်ပလက်ဖောင်းတွေဟာအာဏာသိမ်း စစ်တပ်အတွက် ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလအတွင်းမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရေး၊ ဝါဒဖြန့်ချီရေးတွေအပေါ် အရေးပါတဲ့ ဒေါက်တိုင်တွေအဖြစ် အထောက်အပံ့ပေးနေသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကို အရေးယူပြီး အကြောက်တရားဖြန့်ချီရေးအတွက် အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတယ်လို့JFMက ထုတ်ပြန်ချက်ထဲမှာထပ်မံ ဝေဖန်ထောက်ပြထားပါတယ်။
#Facebook_YouTube_Twitch_Mediafire
#စစ်အုပ်စုဝါဒဖြန့်အကောင့်
#အပြီးဖယ်ရှား
#Public Myanmar News
Facebook, YouTube, Twitch, and MediaFire, have removed accounts linked to propaganda by Myanmar’s military regime.
Several online platforms, including Facebook, YouTube, Twitch, and MediaFire, have removed accounts linked to propaganda by Myanmar’s military regime.
According to Justice For Myanmar (JFM), the accounts were taken down on December 18 after sustained pressure on major technology companies to act against platforms used to spread military propaganda.
JFM reported that websites and mobile applications linked to MRTV and Myanmar Radio, including 14 live broadcast channels, were removed from Google and Apple app stores. Live streaming from the MITV website was also taken down by Facebook and Twitch, although YouTube has not yet removed all related content. One Ministry of Information-linked YouTube account, known as MOI Video News, has been removed.
In addition, Facebook and MediaFire reportedly removed accounts connected to the Yadanabon Newspaper, which is published under the Central Regional Military Command in Mandalay.
Justice For Myanmar said it has also urged companies including Alphabet, Apple, TikTok, X, Telegram, Cloudflare, and ApkPure to take similar action, but no response has been seen so far.
JFM criticized tech companies for failing to adequately address hate speech and propaganda, warning that social media platforms continue to play a key role in promoting military narratives and election-related propaganda.





No comments:
Post a Comment