ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် မှောင်ခိုဆေးလိပ် အလိပ်ရေ ၇ သောင်းနဲ့အတူ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး
Three Myanmar Nationals Arrested in Tak for Smuggling 70,000 Illegal Cigarettes
Public Myanmar News, May 12 , 2026.
By Saw Zin Maung,
![]() |
| Photo- Social Media |
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မယ်လမတ်မြို့နယ်အတွင်းမှာ တရားမဝင် မှောင်ခိုဆေးလိပ်တွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို အမှတ် (၃၅၀၄) ထိုင်းအခြေစိုက် ခြေလျင်တပ်ရင်းနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မေလ ၁၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်ပါတယ်။
Three Myanmar nationals were arrested on the afternoon of May 11 in Mae Ramat District, Tak Province, after being caught smuggling illegal cigarettes during a joint operation by the Thai 3504th Ranger Forces and local administrative authorities.
မယ်လမတ်မြို့နယ်၊ ဘန်ဟွေဟန့် ကျေးရွာအနီးမှာ နယ်မြေစိုးမိုးရေး ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်ဟာ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး မသင်္ကာဖွယ်ရာ စက္ကူဖာတွေ သယ်ဆောင်လာတဲ့ အမျိုးသား ၃ ဦးကို တွေ့ရှိခဲ့တာပါ။ စစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ ဖာ ၇ ဖာအတွင်း ထည့်သွင်းထားတဲ့ "Krongthip" တံဆိပ်ပါ ပြည်ပပို့ကုန်အဖြစ် သတ်မှတ်ထားတဲ့ မှောင်ခိုဆေးလိပ် အလိပ်ရေ စုစုပေါင်း ၇၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
![]() |
| Photo- Social Media |
While conducting a routine security patrol near Ban Huai Haeng village in Mae Ramat, Thai soldiers spotted three suspicious men attempting to bypass a security checkpoint while carrying large cardboard boxes. Upon inspection, authorities seized seven boxes containing a total of 70,000 "Krongthip" brand cigarettes, which were labeled "For Export Only."
ဖမ်းဆီးရမိသူတွေကတော့ အသက် ၂၆ နှစ်အရွယ် မောင်ပါခဲ၊ ၂၅ နှစ်အရွယ် မောင်ဘီစီ နဲ့ ၄၅ နှစ်အရွယ် ဦးအီစာ တို့ ဖြစ်ကြပါတယ်။ သူတို့ ၃ ဦးစလုံးဟာ မယ်လ ဒုက္ခသည်
စခန်း (Zone C) မှာ နေထိုင်သူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ထိုင်းအာဏာပိုင်ဘက်ကပြောပါတယ်။
According to Thai authorities, the suspects have been identified as 26-year-old Maung Pa Kae, 25-year-old Maung B.C., and 45-year-old U Isa. All three are residents of Zone C in the Mae La Refugee Camp.
ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ အဆိုပါဆေးလိပ်တွေကို အမည်မသိ အနက်ရောင် ပစ်ကပ်ကားတစ်စီးက လမ်းဘေးနားနေဆောင်တစ်ခုမှာ လာရောက်ချထားပေးခဲ့တာဖြစ်ပြီး၊ သူတို့ကတော့ အဆိုပါဆေးလိပ်တွေကို မယ်လစခန်းအတွင်းမှာ ပြန်လည်ရောင်းချဖို့အတွက် တစ်ဦးကို သယ်ဆောင်ခ ဘတ် ၄၀၀ စီနဲ့ လက်ခံသယ်ဆောင်လာတာလို့ ဝန်ခံထားပါတယ်။
During interrogation, the suspects confessed that an unidentified black pickup truck had dropped off the contraband at a roadside rest area. They admitted to being hired for 400 THB each to transport the cigarettes into the Mae La camp, where they were intended for resale.
![]() |
| Photo- Social Media |
လောလောဆယ်မှာတော့ သူတို့ကို မယ်လမတ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ယစ်မျိုးဥပဒေ၊ အကောက်ခွန်ဥပဒေတွေအပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှု ပုဒ်မတွေနဲ့ပါ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းထိုင်းအာဏာပိုင်ဘက်ကပြောပါတယ်။
The suspects are currently being held at the Mae Ramat Police Station. They face multiple charges, including violations of the Excise Act, the Customs Act, and illegal entry into Thailand.
![]() |
| Photo- Social Media |
ထိုင်းပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အခုလို တရားမဝင်ဆေးလိပ်တွေကြောင့် နိုင်ငံတော် အခွန်ဝင်ငွေ ထိခိုက်မှုတွေရှိနေတာမို့ နယ်စပ်တစ်လျှောက် မှောင်ခိုလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် နှိမ်နင်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
The Thai Ministry of Interior stated that illegal cigarette smuggling causes significant loss in state tax revenue. Consequently, authorities have announced plans to intensify crackdowns on smuggling operations along the border.
Edit - Public Myanmar News
#PublicMyanmarNews
#ထိုင်း-မြန်မာနယ်စပ်
#တာ့ခ်ခရိုင်
#တရားမဝင်ဆေးလိပ်၇သောင်း
#မြန်မာနိုင်ငံသား၃ဦး
#ထိုင်းအာဏာပိုင်ဖမ်းဆီး




No comments:
Post a Comment