Breaking News
Public Myanmar News, February 3 2026.
By Ko Saw,
ရခိုင်ပြည်နယ်ကနေရာအများအပြားမှာ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် ညအချိန်မှာ ၆ ဒသမ ဝ အဆင့်ရှိ အင်အားပြင်းငလျင် နှစ်ကြိမ်ထက်မနည်းလှုပ်ခတ်သွားခဲ့ပါတယ်။
Multiple areas across Rakhine State were shaken late tonightas at least two earthquakes hit the region.
ရခိုင်ပြည်နယ် အမ်းမြို့ ရဲ့ မြောက်ဘက် ၅၀ မိုင်ခန့်အကွာရခိုင်ရိုးမတောင်တန်းကိုဗဟိုပြုပြီး ဒီကနေ့ ည ၁ဝ နာရီ ၄ မိနစ် နဲ့ ၂၂ မိနစ် တို့မှာ အင်အား ၆ဒသမ ၀ အဆင့် နဲ့ ၅ဒသမ ၁၇ အဆင့်ရှိတဲ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့တာလို့ မြေငလျင်သတင်းများနဲ့ သုတေသနပြုစင်တာက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
According to an earthquake monitoring and research center,the epicenter was located in the Rakhine Yoma mountain range,about 50 miles north of Ann Township.The first quake, measuring magnitude 6.0, struck at 10:04 p.m.,followed by a second tremor of magnitude 5.17 at 10:22 p.m..
ငလျင်လှုပ်ခတ်ခံရမှုနဲ့ပက်သက်လို့ ရခိုင်စာရေးဆရာဝေဟင်အောင် က” ရခိုင်မှာ ငလျင်က ၂ကြိမ်လှုပ်သွားတယ်။ ပထမအကြိမ်၁၀နာရီ ၄မိနစ်မှာ လှုပ်တာက အတော်အသင့်ပြင်းတယ်။ ဒုတိယ ၁၀ နာရီ ၂၂ မိနစ်မှာ ထပ်လှုပ်တယ်။ ပထမအခေါက်လောက် မပြင်းဘူး။ လက်လှမ်းမှီသလောက် မြို့နယ်တွေကို စုံစမ်းကြည့်တော့ အပျက်အစီးသတင်းတော့ မကြားမိပါ။ ဘေးကင်းတယ်လို့ ယူဆရပါတယ်”လို့လူမှုစာမျက်နှာကနေအသိပေး ပြောပါတယ်။
Rakhine writer Wa Hin Aung said the first quake was strong,while the second was weaker.So far, he said, no major damage or casualties have been reported, based on information from nearby townships.
ယခုလှုပ်ခတ်သွားခဲ့တဲ့ငလျင်ဟာ မြေအောက်အနက် ၃၅ မိုင်ခန့် အလယ်လတ်အနက်ရှိတဲ့ငလျင်တခုဖြစ်ကာ ငလျင်တုန်ခါဒဏ်ကို သိသိသာသာခံစားခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အပါအဝင် အခြားသက်ရောက်တဲ့ တိုင်းနဲ့ပြည်နယ်ဒေသခံတွေကဆိုပါတယ်။
The earthquake occurred at an estimated depth of 35 miles,and was felt not only in Rakhine but also in neighboring regions and states.
ငလျင်ရဲ့တုန်ခါမှုကြောင့်အဆောက်အအုံတွေလှုပ်ခါတာနဲ့အိမ်အမိုးတွေမြည်ဟိန်းတဲ့အထိဖြစ်ပေါ်ခဲ့တဲ့အတွက်ဒေသခံတွေစိုးရိမ်ထိန့်လန့်စွာနဲ့ နေအိမ်ပြင်ပလမ်းနေရာကိုထွက်ပြေးခဲ့ကြရတယ်လို့ပြောပါတယ်။
Residents reported shaking buildings and rattling roofs, forcing many people to flee outside in fear.
လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့်လူသေဆုံးထိခိုက်တာနဲ့ အဆောက်အအုံပျက်စီးခဲ့တဲ့အခြေအနေတွေကို လူထုမြန်မာသတင်းဌာနမှ စုံစမ်းနေဆဲဖြစ်ပါတယ်။
At this time, Public Myanmar News is still verifying whether there were any injuries or structural damage.
လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာအင်အားပြင်းထန်တာကြောင့်ရက်ပိုင်းအတွင်းနောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ဒေသခံတွေအနေနဲ့ဘေးကင်းရာကိုရွှေ့ပြောင်းနေထိုင်သင့်ကာအတည်မပြုနိုင်တဲ့ကောလဟလသတင်းတွေကိုသတိထားရှောင်ကြဉ်ကြဖို့ ငလျင်ပညာရှင်တွေက သတိပေးတိုက်တွန်းထားပါတယ်။
Seismologists warn that aftershocks may follow in the coming days,and urge residents to stay in safe areas
and avoid spreading unverified information.
Photo – My Earthquake Alerts Pro
#RakhineEarthquake
#MyanmarEarthquake
#Magnitude6Earthquake
#AftershockAlert
#DisasterNews
#BreakingNews
#PublicMyanmarNews

No comments:
Post a Comment