Friday, May 29, 2026

Junta Forces Reopen Schools in Chaung Hnit Khwa Amid Severe Landmine and UXO Risks to Children’s Lives ကျိုက်မရော ချောင်းနှစ်ခွတွင် စစ်ကောင်စီက စာသင်ကျောင်းများ အတင်းအဓမ္မ ပြန်ဖွင့်ခိုင်း၊ မြေမြှုပ်မိုင်းနှင့် လက်နက်အကြွင်းအကျန်များကြောင့် ကလေးငယ်များ၏ အသက်အန္တရာယ် စိုးရိမ်ရ

 

Photo : Myanmar Military junta ‘s Controls Media 



Reported by PMN01, Public Myanmar News(လူထုမြန်မာ)

May 29, 2026.


A revolutionary to you all. Welcome to Public Myanmar News, amplifying the voice of the people. 

I ‘m Ko Saw.


"မင်္ဂလာပါခင်ဗျာ။ ပြည်သူ့အသံကို ဖော်ထုတ်ပေးနေတဲ့ Public Myanmar News ရဲ့ သတင်းအစီအစဉ်ကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော် ကိုစော ပါ။


Today, we report that the military junta is pushing to reopen schools in Chaung Hnit Khwa village, Mon State.

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က... ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ ချောင်းနှစ်ခွကျေးရွာက စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ အာဏာသိမ်းစစ်အုပ်စုက ဖိအားပေး လုပ်ဆောင်နေပါတယ်။


Since May 18th, junta troops stationed at the local police station have been preparing school buildings for enrollment.


မေလ ၁၈ ရက်နေ့ကစပြီး ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ... အထက်တန်းကျောင်းနဲ့ မူလတန်းကျောင်းတွေမှာ မိုင်းရှင်းလင်းတာနဲ့ စာသင်

ဆောင်ပြင်ဆင်တာတွေ လုပ်ပြီး ကျောင်းအပ်လက်ခံနေတာပါ။


Photo : Myanmar Military junta ‘s Controls Media 

However, mine clearance experts warn that hidden landmines and unexploded ordnance still pose lethal risks to children.


ဒါပေမဲ့ မြေမြှုပ်မိုင်းအရေး ဆောင်ရွက်သူတွေကတော့စစ်တပ်ရဲ့ မိုင်းရှင်းလင်းရေးဟာ အရည်အသွေး စိတ်မချရတာကြောင့်ကျောင်းဝင်းနဲ့ လမ်းဘေးချုံပုတ်တွေထဲက လက်လုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေဟာ ကလေးတွေအတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရတယ်လို့ သတိပေးထားပါတယ်။


Improvised mines are often disguised as soft drink cans or juice bottles, triggering curiosity in school-aged children.

လက်လုပ်မိုင်းတွေကို အချိုရည်ဗူး၊ ပိုက်လုံးတွေ၊ M-150 ပုလင်းတွေလိုမျိုး ပုံသဏ္ဍာန်မျိုးစုံနဲ့ ဝါယာကြိုးတွေ သွယ်တန်းထားတတ်တာကြောင့်ကျောင်းနေအရွယ် ကလေးတွေက စူးစမ်းလိုစိတ်နဲ့ ကောက်ကိုင်မိရင်ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတွေအထိ ဖြစ်သွားနိုင်ပါတယ်။


Furthermore, local authorities are blocking humanitarian groups from conducting vital mine-risk awareness for students.


ဒါ့အပြင် ကလေးတွေကို မိုင်းအန္တရာယ် အသိပညာပေးမယ့် ကိစ္စတွေကိုလည်းနယ်မြေခံ စစ်ကောင်စီ အာဏာပိုင်တွေဘက်က လုပ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ မြေမြှုပ်မိုင်းအရေး ဆောင်ရွက်သူတစ်ဦးက ပြောဆိုပါတယ်။




Out of nearly 300 households, only about 100 residents have returned, with junta troops occupying damaged homes.

ချောင်းနှစ်ခွရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပေမဲ့လက်ရှိအချိန်ထိ နေရပ်ပြန်လာသူ တစ်ရာဝန်းကျင်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ ပျက်စီးနေတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေမှာတော့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်တပ်စွဲ နေထိုင်နေကြပါတယ်။


local resident stated that school attendance will be very low due to ongoing fears of drone attacks and military checkpoints.

အာဏာသိမ်းစစ်တပ်ကဂိတ်တွေ အထပ်ထပ်ချထားတဲ့အပြင်ဒရုန်းနဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ကျောင်းတက်မယ့်ကလေး အလွန်နည်းပါးမှာဖြစ်ပြီးငွေကြေးတတ်နိုင်တဲ့ မိဘတွေကတော့ ကလေးတွေကို မြို့ပေါ်မှာပဲ ကျောင်းထားတာတွေရှိနေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။


Edit & Video: Public Myanmar News 

Photo : Myanmar Military junta ‘s Controls Media 


#Myanmar #WhatsHappeningInMyanmar #MonState #Kyaikmaraw #ChaungHnitKhwa #LandmineDanger #UnexplodedOrdnance #SchoolReopening #JuntaForcedEnrolment #MilitiarizedSchools #ChildrenAtRisk #SaveMyanmarChildren #PublicMyanmarNews


No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

The Passing of Thailand’s Princess Bajrakitiyabha and Her Historic Legacy

Public Myanmar News(လူထုမြန်မာ)၊ June 18,2026. Published by Saw Zin Maung, The Thailand’s kingdom is officially mourning the loss of Princes...