Sunday, January 4, 2026

ဗင်နီးဇွဲလားအစိုးအာဏာရှင်ခေါင်းဆောင်သမ္မတမာဒူရိုနဲ့ ဇနီးကို အမေရိကန်အထူးတပ်ဖွဲ့ကဖမ်းဆီးကာ နယူးယောက်၊ဘရွတ်ကလင်းမြို့မှာ ယာယီထိန်းသိမ်း

Photo- AFP


(International News)

Public Myanmar News , January 4 , 2026.

By PM01,


မူးယစ်မှောင်ခိုလုပ်ငန်းတွေ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဗင်နီဇွဲလားအစိုးရ နဲ့ အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကတ်စ်မှာ စနေနေ့မနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်ခဲ့ပြီး  အမေရိကန်အစိုးရက တိုက် ခိုက်မှုကို အတည်ပြုလိုက်ပြီလို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြပါတယ်။ 


ဇန်နဝါရီ ၃ ရက်  မနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်မြို့မှာကျယ်လောင်တဲ့ ပေါက် ကွဲမှုတွေထိတ်လန့် အော်ဟစ်သံတွေ ထွက်ပေါ်ခဲ့သလို လူနာတင်ကားသံတွေဆက်တိုက် သွားလာနေပြီး  အမေရိကန် လေ ယာဉ်ဟု ယူဆရတဲ့ လေယာဉ်တွေရဟတ်ယာဉ်တွေ အနိမ့်ပျံသန်းနေတယ်လို့ နိုင်ငံသားတွေနဲ့ ပြည်တွင်းပြည်ပသတင်းဌာနအချို့ကဖော်ပြခဲ့တာပါ။


ဒါတွေကသာမက ဗင်နီဇွဲလားမြို့ တော် ကာရာကတ်စ်ကို ထိမှန်ခဲ့တဲ့ ပေါက် ကွဲမှု ဗီဒီယိုမှတ်တမ်းတွေမှာ အော်ဟစ်သံတွေနဲ့  မီးခိုးတွေနဲ့အတူ မီးလောင် ကျွမ်း ထွက်ပေါ်နေတာကိုပါ တွေ့မြင်နေရတယ်လို့ နိုင်ငံတကာသတင်းတွေကဆက်တိုက်ကိုထုတ်လွှင့်ခဲ့ပါတယ်။


Photo- CJ

ဗင်နီဇွဲလားကို "အကြီးစား တိုက်ခိုက်မှု" တစ်ရပ် ပြုလုပ်ပြီးနောက် အမေရိကန် Delta Force အထူးတပ်ဖွဲ့က စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရို နဲ့ဇနီးဖြစ်သူကို  ဖမ်းဆီးရမိခဲ့ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့လူမှုစာမျက်နှာကနေတဆင့် ဓာတ်ပုံအထောက်အထားတွေပြသကာပြောဆိုခဲ့ပါတယ်။


"အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ အဲဒီနိုင်ငံရဲ့ ခေါင်းဆောင် သမ္မတ နီကိုးလက်စ် မာဒူရိုအပေါ် အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ရဲ့ဇနီးတို့ကို ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်" လို့ ထရမ့်က Truth Social စာမျက်နှာမှာ ရေးသားခဲ့တာပါ။


Photo - US president House

ဒါ့အပြင် ဗင်နီဇွဲလား လေကြောင်းကာကွယ်ရေးစနစ်တွေကို ဖျက်ဆီးဖို့  အမေရိကန် လေယာဉ်ပေါင်း ၁၅၀ ကျော်နဲ့တပ်အင်အား တစ်သောင်းခွဲကို စေလွှတ်ခဲ့သလို  ဒေသစံတော်ချိန် ဇန်နဝါရီ ၃ရက် နံနက် ၂ နာရီမှာ CIA ရဲ့ သတင်းပေးကနေတဆင့် မာဒူရို ရှိတဲ့တပ်စခန်းနေရာကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်တွေနဲ့ဝင်ရောက်စီးနင်းခဲ့ပြီးဖမ်းဆီးခဲ့ကာ စစ်ဆင်ရေးအချိန် ၂ နာရီန မိနစ် ၂၀ ကြာမြင့်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။  



ထရမ့်ရဲ့ ပြောဆိုချက်တွေမတိုင်မီ အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုကြုံနေကြရတယ်လို့ သမ္မတ နီကိုးလက်စ် မာဒူရိုကဆိုကာ အစောပိုင်းမှာ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။


ဗင်နီဇွဲလား ပိုင်နက်နဲ့ ပြည်သူတွေအပေါ် လက်ရှိ အမေရိကန်အစိုးရက ကျူးလွန်တဲ့အလွန်ပြင်းထန်တဲ့စစ်ရေးကျူးကျော်မှုတွေကို ဗင်နီဇွဲလားက ရှုတ်ချပြီး ရွံရှာမုန်းတီးကြောင်း နိုင်ငံတကာထံ အသိပေးတိုင်ကြားထားတယ်လို့ မာဒူရိုအစိုးရက ထုတ်ပြန်ခဲ့တာပါ။


Photo- Reuters 

Photo- Reuters

လက်ရှိနောက်ဆုံးသတင်းရရှိမှုတွေအရ မြို့တော် ကာရာကပ်စ်အတွင်းမှာ ဗင်နီဇွဲလား နိုင်ငံသားအချို့နဲ့အတိုက်ခံတော်တော်များများဟာ မြို့တွင်းနေရာအနှံ့ နိုင်ငံအလံတွေနဲ့စာတမ်းဆိုင်းပုဒ်တွေကိုင်ဆောင်ပြီး ပျော်ရွှင်စွာအော်ဟစ်နေကြတာကို နိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြနေကြပါတယ်။

မာဒူရိုနှင့် ဇနီးတို့ကို အမေရိကန်စစ်တပ်မှ  USS Iwo Jima သင်္ဘောပေါ်ထံပို့ဆောင်ပြီးသေ့ထ်အီးယောက်မြို့၊ နယူးယောက်ပြည်နယ် ကို အထူးလေယာဉ်နဲ့  ဇန်နဝါရီလ ၃ ရက် ညပိုင်းမှာ လွှဲပြောင်းပို့ဆောင်လိုက်တာပါ။


Photo- Fox News 

မာဒူရိုကို မူးယစ်ဆေးဝါးတွေကိုတရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ကိုကင်းတွေအမေရိကန်နိုင်ငံအတွင်းတရားမဝင်သယ်ဆောင်ရောင်းချမှုစတာတွေအပါအဝင် အပါအဝင်အခြားပြစ်မှုတွေနဲ့ အမေရိကန်နိုင်ငံအစိုးရမှ တရားစွဲထားပါတယ်။ 


တဆက်ထဲမှာပဲ ဗင်နီဇွဲလားနိုင်ငံမှာ လုံခြုံစိတ်ချရတဲ့ အာဏာလွှဲပြောင်းမှု လုပ်နိုင်တဲ့အချိန်အထိ အမေရိကန်က စီမံအုပ်ချုပ်သွားမယ်လို့ သမ္မတဒေါ်နယ်ထရမ့်က စနေနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။


အမေရိကန်တပ်ဖွဲ့တွေ ဗင်နီဇွဲလားမှာ ဝင်ရောက်တပ်စွဲရန် ရှိ၊ မရှိ ထရမ့်က   ထည့်သွင်းပြောဆိုတာမရှိပေမဲ့  မြေပြင်တပ်တွေချထားဖို့အတွက် တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ဆက်ပြောပါတယ်။


Photo- United States President House

ဒါ့အပြင်  ဗင်နီဇွဲလားအစိုးရက နိုင်ငံပိုင် ထိန်းချုပ်ထားတဲ့ ကြီးမားလှတဲ့ ရေနံတူးဖော်ရေး လုပ်ငန်းတွေကို အမေရိကန် ရေနံကုမ္ပဏီတွေအတွက် ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ထရမ်ကဆိုပါတယ်။


အမေရိကန် ရေနံကုမ္ပဏီတွေဟာ ဗင်နီဇွဲလားရဲ့  စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရန်ဖို့နဲ့   ရေနံလုပ်ကွက်တွေကမှ ယခင်တဲက ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူဖို့အတွက်ပါထရမ့်ကသတင်းစာရှင်းလင်းပွဲအတွင်း အကျယ်တဝင့် ပြောဆိုခဲ့တာပါ။



အမျိုးသမီး ဒုတိယသမ္မတ  ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်က  အမေရိကန်အစိုးရဟာ  မဟုတ်မမှန်တဲ့အကြောင်းပြချက်တွေနဲ့ ဗင်နီဇွဲလားကို ကျူးကျော်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့မာဒူရို ဟာ နိုင်ငံတော် အကြီးအကဲအဖြစ် ရှိနေဆဲလို့နိုင်ငံပိုင်သတင်းမီဒီယာတွေကတဆင့်ဆိုပါတယ်။


ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးဖို့ တိုက်ခိုက်မှုတွေအတွင်း   အရပ်သားနဲ့ စစ်သားတွေအပါအဝင်  သေဆုံးသူ ၄၀ ထက်မနည်းရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဗင်နီဇွဲလား အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။ 


လက်ရှိမှာတော့ သမ္မတမာဒူရိုကို  လာမဲ့ သီတင်းပတ်အတွင်းနယူးယော့ခရိုင် တရားရုံးမှာ မူးယစ်ဆေးဝါးမှုတွေနဲ့တရားစွဲဆိုပြီး  စွဲချက်တင်မစစ်ဆေးမီအထိ နယူးယော့ခ်ပြည်နယ်၊ ဘရွတ်ကလင်းမြို့၊  Metropolitan ထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းထားနိုင်ဖွယ်ရှိတယ်လို့လည်း အမေရိကန်သတင်းဌာနတွေအပါအဝင်နိုင်ငံတကာသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။ 


Edit  – Public Myanmar News

#Venezuela #PresidentMaduro #USSpecialForces #PublicMyanmarNews

No comments:

Post a Comment

Facebook၊YouTube၊Twitchနဲ့ Mediafire တို့မှစစ်အုပ်စုဝါဒဖြန့်အကောင့်တွေကိုအပြီးဖယ်ရှား

Scania Marcopolo City Bus Resumes Service on Sule-Dala Route After 5-Year Halt (၅) နှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကား ဆူးလေ - ဒလ လိုင်းတွင် ပြန်လည်ပြေးဆွဲ

Public Myanmar News- လူထုမြန်မာ,August 2nd, 2026 Reported by Ko Saw, A Scania Marcopolo Low Entry Bus officially resumed operations on the S...